“တာချီလိတ်စက်မှုဇုန်ဧရိယာအတွင်းရှိ ကျူးကျော်တဲများနှင့် စျေးဆိုင်များကိုဖယ်ရှားမည်”
13 Aug
ရှမ်းပြည်နယ်၊ တာချီလိတ်မြို့ စက်မှုဇုန်အတွင်းရှိ ကျူးကျော်တဲများနှင့် စျေးဆိုင်ခန်းများကို ဖယ်ရှားရှင်းလင်းရန် သြဂုတ်လ ၁၂ ရက်နံနက်ပိုင်းက တာဝန်ရှိသူများမှကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြပါတယ်။ တာဝန်ရှိသူများမှ စက်မှုဇုန်သန့်ရှင်းသာလှပရေးအတွက် စက်မှု(၁)လမ်း၊ စက်မှု(၃)လမ်း၊ စက်မှု(က)လမ်း၊ စက်မှု(ဂ)လမ်းများရှိ စက်မှုဇုန်ဧရိယာအတွင်း ကျူးကျော်နေထိုင်သူများ၊ စွန့်ပစ်ပစ္စည်း ရောင်းချသူများ၊ ဈေးဆိုင်ဖွင့်လှစ် ရောင်းချသူများအားတွေ့ဆုံ၍ သတ်မှတ်ရက်အတွင်းဖယ်ရှားရန် ပြောကြားခဲ့ပါတယ်။ စက်မှုဇုန်မှ မိုင်းဖုန်းသွားလမ်းဘေး ဝဲ/ယာဧရိယာအတွင်း ကျူးကျော်ရောင်းချနေသောဆိုင်ခန်းများကို သတ်မှတ် ရက်အတွင်းဖယ်ရှားရန်လည်း အသိပေးအကြောင်းကြားခဲ့ကာ စက်မှုရပ်ကွက်နှင့် မိုင်းဖုန်းသွားလမ်းဘေး ဝဲ/ယာဧရိယာ အတွင်း ကျူးကျော်တဲများနှင့်ဆိုင်ခန်းပေါင်း ၃၄ ခုရှိရာ ယခုတစ်ပတ်အတွင်းဖယ်ရှားရမှာဖြစ်ပါတယ်။ (NVS 004)