“မန္တလေးနန်းတွင်းက နန်းမြင့်မျှော်စင်ပေါ်သို့ ပြန်လည်တက်ရောက်နိုင်ပြီ”

13 Aug

မန္တလေးမြို့ရှိ မြနန်းစံကျော်ရွှေနန်းတော်အတွင်း နန်းမြင့်မျှော်စင်ပေါ်သို့ ပြန်လည်တက်ရောက်နိုင်ပြီ ဖြစ်ကြောင်း သိရပါတယ်။ မန္တလေးငလျင်ကြီး လှုပ်ခတ်ပြီးနောက်ပိုင်း ကြံ့ခိုင်မှုစိုးရိမ်ရတာကြောင့် နန်းမြင့်မျှော်စင်ပေါ်သို့ တက်ရောက်ခွင့်ကို ယာယီပိတ်ထားခဲ့ပါတယ်။ လက်ရှိမှာ ကြံ့ခိုင်မှုစစ်ဆေးဆောင်ရွက်တဲ့လုပ်ငန်းများ ပြီးစီးသွားခဲ့လို ပြန်လည် တက်ရောက်ခွင့်ပြုထားခြင်း ဖြစ်ပါတယ်။ မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ မန္တလေးငလျင်ကြီးကြောင့် မန္တလေးမြို့ အပါအဝင် အင်းဝ၊ စစ်ကိုင်းဒေသများရှိ ဘုရား၊ စေတီ၊ ဘုန်းကြီးကျောင်းနှင့် သာသနိကအဆောက်အဦများ ပျက်စီးခဲ့မှုများပြားခဲ့ပါတယ်။ သို့သော်မန္တလေးနန်းမြို့ မြနန်းစံကျော် ရွှေနန်းတော်အတွင်းရှိ နန်းမြင့်မျှော်စင်က ပျက်စီးထိခိုက်မှုမရှိသလောက် နည်းပါးခဲ့ပေမယ့် နန်းတော်နှင့် ကပ်ရပ်နန်းဦးစေတီတော်မြတ်ကြီးကတ အစအဆုံးနီးပါးပြန်လည် ပြုပြင်ခဲ့ရပါတယ်။ (NVS 004)

13 Aug

ADVERTISE HERE .