“ယခုနှစ် ၄ လအတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ် ၂၆ ခုဝင်ရောက်ခဲ့”
13 Aug
ယခု ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်ရဲ့ ပြီးခဲ့တဲ့ဧပြီလမှ ဇူလိုင်လအထိ ၄ လအတွင်း လုပ်ငန်းကဏ္ဍ ၃ ခုမှာ အမေရိကန် ဒေါ်လာသန်း ၁၀၀ ကျော်တန်ဖိုးရှိ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ် ၂၆ ခုဝင်ရောက်ခဲ့တယ်လို့ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်။ ၎င်းလုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုတန်ဖိုးက အမေရိကန်ဒေါ်လာ ၁၀၆ သန်းကျော်ရှိပြီး လက်ရှိအချိန်အထိ လုပ်ငန်းလည်ပတ်လျက်ရှိတဲ့ လုပ်ငန်းများရဲ့ မတည်ရင်းနှီးငွေတိုးမြင့်မှုအနေနဲ့ အမေရိကန်ဒေါ်လာ ၁၂ သန်း ကျော်ရှိကာ စုစုပေါင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၁၁၈ သန်းကျော် ဝင်ရောက်ထားကြောင်း သိရပါတယ်။ လုပ်ငန်းကဏ္ဍများအနေနဲ့ ပြည်တွင်းကုန်ထုတ်လုပ်ငန်းကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသစ် ၂၄ ခု၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွင် လုပ်ငန်းအသစ် ၁ ခု၊ ဝန်ဆောင်မှုကဏ္ဍတွင် လုပ်ငန်းအသစ် ၁ ခုတို့ ဖြစ်ကာ မွေးမြူရေး လုပ်ငန်းကဏ္ဍအနေဖြင့် လုပ်ငန်းသစ်တိုးမြှင့်ခြင်းမရှိဘဲ လုပ်ငန်းမတည်ရင်းနှီးငွေတိုးမြှင့်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရပါတယ်။ လက်ရှိအချိန်ထိပြည်တွင်းတွင် လာရောက်ရင်းနှီးမြှုပ်နှံသည့် နိုင်ငံပေါင်း ၅၃ ခုရှိခဲ့ပြီး တရုတ်၊ စင်္ကာပူနှင့် ထိုင်းနိုင်ငံတို့မှ ရင်းနှီးမြှုပ်နှံမှုအများဆုံးဖြစ်ကြောင်းလည်း သိရပါတယ်။ (NVS 004)