ကုန်ဈေးနှုန်းသတင်း ၁၁.၈.၂၀၂၅
12 Aug
ဩဂုတ်လ ၁၁ ရက်အတွက် ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်တွေကနေရရှိတဲ့ ကုန်ဈေးနှုန်းတွေအရ မတ်ပဲနဲ့ ပဲစင်းငုံနီဈေးတွေ ဆက်တိုက်ကျဆင်းနေသလို ထောပတ်နဲ့ သကြားဈေးတွေလည်း အနည်းငယ် ကျဆင်းလာပါတယ်။ ကြက်သွန်နီနဲ့ ကြက်သွန်ဖြူဈေးတွေကတော့ အနည်းငယ် တက်လာပါတယ်။ အားလူးနဲ့ ထန်းလျက်ဈေးတွေကတော့ ဈေးငြိမ်နေပါတယ်။ မတ်ပဲ(FAQ/RC) တစ်တင်းကို ၉၅,၆၂၅ ကျပ်၊ မတ်ပဲ(SQ/RC) တစ်တင်းကို ၁၀၅,၇၅၀ ကျပ်၊ မတ်ပဲ(Raw) တစ်ပိဿာကို ၄,၉၀၀ ကျပ်ကနေ ၄,၉၃၅ ကျပ်၊ ပဲစင်းငုံနီ တစ်တင်းကို ၈၇,၂၆၇ ကျပ်၊ ပဲတီစိမ်း တစ်ပိဿာကို ၅,၆၆၅ ကျပ်ကနေ ၈,၃၅၀ ကျပ်၊ ပဲလွန်းဖြူ တစ်ပိဿာကို ၄,၃၃၀ ကျပ်ကနေ ၄,၈၃၅ ကျပ်၊ ပဲလွန်းနီ တစ်ပိဿာကို ၃,၉၁၅ ကျပ်ကနေ ၄,၁၇၀ ကျပ်၊ ပဲကြီး တစ်ပိဿာကို ၅,၃၉၀ ကျပ်ကနေ ၇,၃၅၀ ကျပ်၊ ကုလားပဲခြမ်း တစ်ပိဿာကို ၅,၈၃၀ ကျပ်ကနေ ၆,၅၀၀ ကျပ်၊ ထောပတ်ပဲ တစ်ပိဿာကို ၄,၀၃၅ ကျပ်၊ ဘိုကိတ်ပဲ တစ်ပိဿာကို ၃,၇၅၀ ကျပ်ကနေ ၄,၀၀၀ ကျပ်၊ စားတော်ပဲလုံး တစ်ပိဿာကို ၈,၃၃၀ ကျပ်ကနေ ၁၁,၃၃၅ ကျပ်၊ ပြောင်းဆန် တစ်ပိဿာကို ၁,၆၃၀ ကျပ်ကနေ ၁,၆၅၀ ကျပ်၊ ပဲပုပ်မြစ်ဝကျွန်းပေါ်(ဆီတိုး/အထွက်တိုး) တစ်ပိဿာကို ၅,၈၃၀ ကျပ်ကနေ ၆,၀၈၅ ကျပ်၊ ကြက်သွန်နီ တစ်ပိဿာကို ၈၀၀ ကျပ်ကနေ ၁,၇၅၀ ကျပ်၊ ကြက်သွန်ဖြူ တစ်ပိဿာကို ၅,၀၀၀ ကျပ်ကနေ ၁၈,၅၀၀ ကျပ်၊ ထန်းလျက် တစ်ပိဿာ ကို ၄,၆၀၀ ကျပ်ကနေ ၇,၀၀၀ ကျပ်၊ မန်ကျည်းသီး တစ်ပိဿာကို ၅,၅၀၀ ကျပ်ကနေ ၉,၃၀၀ ကျပ်၊ သကြား တစ်ပိဿာကို ၄,၄၀၀ ကျပ်ကနေ ၄,၆၅၀ ကျပ်၊ အာလူး တစ်ပိဿာကို ၃,၀၀၀ ကျပ်ကနေ ၅,၃၀၀ ကျပ်၊ ပုစွန်ခြောက်(ဖျာပုံရွှေပုစွန်) တစ်ပိဿာကို ၈၀,၀၀၀ ကျပ်ကနေ ၃၀၀,၀၀၀ ကျပ်၊ ငါးကျည်းကြပ်တိုက် တစ်ပိဿာကို ၇၀,၀၀၀ ကျပ်ကနေ ၉၀,၀၀၀ ကျပ်၊ ငါးမြွေထိုး တစ်ပိဿာကို ၄၀,၀၀၀ ကျပ် ဖြစ်ပေါ်နေပါတယ်။ နိုင်ငံခြားငွေလဲလှယ်နှုန်းတွေကတော့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရ အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ ၂,၁၀၀ ကျပ်နဲ့ စင်ကာပူတစ်ဒေါ်လာကို မြန်မာငွေ ၁,၆၃၂ ကျပ် ဖြစ်ပါတယ်။ ပြင်ပပေါက် ဈေးအရ အမေရိကန်တစ်ဒေါ်လာကို မြန်မာငွေ ၄,၄၁၅ ကျပ်နဲ့ စင်ကာပူတစ်ဒေါ်လာကို မြန်မာငွေ ၃,၄၃၅ ကျပ် ဖြစ်နေပါတယ်။ စက်သုံးဆီဈေးနှုန်းတွေကတော့ ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန (PPRD)၏ နေ့စဉ်ထုတ်ပြန် ချက်အရ - -Octane 92 တစ်လီတာကို ရန်ကုန်မှာ ၂,၉၄၀ ကျပ်၊ မန္တလေးမှာ ၃,၀၅၅ ကျပ်၊ နေပြည်တော်မှာ ၃,၀၂၀ ကျပ်။ -Octane 95 တစ်လီတာကို ရန်ကုန်မှာ ၂,၉၉၅ ကျပ်၊ မန္တလေးမှာ ၃,၁၁၀ ကျပ်၊ နေပြည်တော်မှာ ၃,၀၇၅ ကျပ်။ -ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၂,၇၁၅ ကျပ်၊ မန္တလေးမှာ ၂,၈၂၅ ကျပ်၊ နေပြည်တော်မှာ ၂,၇၉၅ ကျပ်။ -Premium ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၃,၃၅၅ ကျပ်၊ မန္တလေးမှာ ၃,၄၆၅ ကျပ်၊ နေပြည်တော်မှာ ၃,၄၃၅ ကျပ် ရှိနေပါတယ်။ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းလုပ်ငန်းရှင်များအသင်း (YGEA) ၏ ယနေ့ထုတ်ပြန်ချက်အရ အကယ်ဒမီ မီးလင်းရွှေဈေးနှုန်းကတော့ ကျပ်သိန်း (၅,၈၉၀,၀၀၀/-) ငါးဆယ် ရှစ်သိန်း ကိုးသောင်း ကျပ် ရှိပြီး ပြင်ပပေါက်ဈေးမှာ ကျပ်သိန်း (၇,၇၅၀,၀၀၀ိ/-) ခုနစ်ဆယ် ခုနစ်သိန်း ငါးကျပ် ရှိနေတယ်လို့ သိရပါတယ်။