အွန်နရီ ကို အာဆင်နယ်နည်းပြအဖြစ် မြင်တွေ့လိုကြောင်းပြောခဲ့တဲ့ ဆာဟာ

12 Aug

မန်ယူအသင်း တိုက်စစ်မှူးဟောင်း ဆာဟာ က ပြင်သစ်အသင်းဖော်ဟောင်း အွန်နရီ ကို အနာဂတ်တွင် အာဆင်နယ်နည်းပြအဖြစ် မြင်တွေ့လိုကြောင်း ပြောကြားခဲ့ပါတယ်။ လက်ရှိအာဆင်နယ်နည်းပြ အာတီတာ က အသင်းကို ၂၀၁၉ ဒီဇင်ဘာတွင် စတင်ကိုင်တွယ်ခဲ့ပြီး ပထမဆုံး ရာသီတွင် FA ဖလားကို ရယူနိုင်ခဲ့သလို ချန်ပီယံဆုများကို စိန်ခေါ်နိုင်သည့်အသင်းအဖြစ် တည်ဆောက်ပေးထား နိုင်ခဲ့ပါတယ်။ သို့သော် အာတီတာရဲ့ အာဆင်နယ်အသင်းက ပရီးမီးယားလိဂ်ချန်ပီယံဆုကို စိန်ခေါ်နိုင်စွမ်းရှိသော်လည်း ပြီးခဲ့တဲ့ သုံးရာသီဆက်တိုက် အဆင့်(၂)ဖြင့်သာ ကျေနပ်ခဲ့ရပါတယ်။ ဒါကြောင့် နည်းပြ အာတီတာ အနေနဲ့ ဖိအားများခံစားနေရပြီး လာမည့် ၂၀၂၅ -၂၀၂၆ ရာသီတွင် အဓိကဆုဖလားများ ရယူပေးနိုင်ခြင်းမရှိပါက အာဆင်နယ်အသင်း တာဝန်ရှိသူများက နည်းပြအပြောင်းအလဲပြုလုပ်နိုင်ကြောင်း သုံးသပ်မှုများလည်း ရှိနေခဲ့ ပါတယ်။ ဆာဟာ က ပရီးမီးယားလိဂ်မှာ အွန်နရီ နည်းပြတာကို မြင်လိုကြောင်းနဲ့ အွန်နရီ က ပရီးမီးယားလိဂ်မှာ နည်းပြလုပ်ဖို့ ထိုက်တန်ကြောင်း၊ အခြားသူတွေ ပရီးမီးယားလိဂ်မှာ နည်းပြခွင့်ရနေကြပေမယ့် အွန်နရီ ကတော့ အဲဒီလို အခွင့်အရေးမျိုး မရသေးကြောင်း ပြောကြားခဲ့ပါတယ်။ (NVS 008)

12 Aug

ADVERTISE HERE .