မန်စီးတီးအသင်းက ကစားသမားဟောင်း ပယ်မာ ကို ပြန်လည်ခေါ်ယူရန်စီစဉ်
12 Aug
မန်စီးတီးအသင်းက တိုက်စစ်ပိုင်းလိုအပ်ချက်အတွက် ချဲလ်ဆီးအသင်းမှ ကွင်းလယ်တိုက်စစ် ကစားသမား ဖြစ်တဲ့ ပယ်မာ ကို ပြန်လည်ခေါ်ယူရန် စီစဉ်နေကြောင်းသိရပါတယ်။ ပယ်မာ ဟာ မန်စီးတီးအသင်း အကယ်ဒမီထွက် ကစားသမားတစ်ဦးဖြစ်သော်လည်း မန်စီးတီးအသင်းတွင် ကစားခွင့်မရရှိတဲ့အတွက် ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်မှာ မန်စီးတီးအသင်းမှ ချဲလ်ဆီးအသင်းသို့ ပြောင်းရွှေ့ကစားခဲ့သူ ဖြစ်ပါတယ်။ ပယ်မာ အနေနဲ့ ချဲလ်ဆီးအသင်းသို့ ပြောင်းရွှေ့ကစားခဲ့ပြီးနောက် အသင်းနှင့်အတူ ပထမဆုံးဘောလုံး ရာသီမှာ အကောင်းဆုံးခြေစွမ်းပြသနိုင်ခဲ့ကာ PFA တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကို ဆွတ်ခူးနိုင်ခဲ့ ပါတယ်။ အလားတူ ပြီးခဲ့တဲ့ဘောလုံးရာသီမှာလည်း အသင်းနှင့်အတူ အကောင်းဆုံးခြေစွမ်းကို ပြသနိုင်ခဲ့ကာ အသင်းကွင်းလယ်ပိုင်းတွင် ဂိုးဖန်တီးမှုအများအပြား ပြုလုပ်နိုင်သည့်အပြင် ကိုယ်တိုင်ဂိုးသွင်းအားလည်း ကောင်းမွန်တဲ့အတွက် မန်စီးတီးအသင်းက ပြန်လည်ခေါ်ယူရန် ကြိုးပမ်းနေခြင်းဖြစ်ပါတယ်။ ပယ်မာ ကို မန်စီးတီးအသင်းအပြင် ပီအက်စ်ဂျီအသင်းကလည်း ခေါ်ယူရန်ကြိုးပမ်းနေလို့ ချဲလ်ဆီးအသင်း က ပြောင်းရွှေ့ကြေးကို ယူရို သန်း ၂၅၀ ထိ သတ်မှတ်ထားကြောင်း သိရပါတယ်။(NVS 008)