ဂျာမနီနိုင်ငံ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို တိုက်စစ်ကစားသမား ဖလိုရီယန်ဝစ် ရရှိ

12 Aug

ဂျာမနီနိုင်ငံ Kicker အားကစားမဂ္ဂဇင်းက ပေးအပ်ချီးမြှင့်သည့် ဂျာမနီတစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကို ၂၀၂၄-၂၀၂၅ ခုနှစ် ဘောလုံးရာသီက လေဗာကူဆင်အသင်းနှင့်အတူ ခြေစွမ်းပြကစားခဲ့တဲ့ တိုက်စစ်ကစားသမား ဖလိုရီယန်ဝစ် က ဆွတ်ခူးရရှိခဲ့ပါတယ်။ အဆိုပါဆုကို နိုင်ငံအတွင်းရှိ ဘောလုံးအဖွဲ့ချုပ်များနှင့် ဘောလုံးဂျာနယ်များက မဲပေးရွေးချယ်မှု ပြုလုပ် ခဲ့ရာ အသက် ၂၂ နှစ်အရွယ် တိုက်စစ်ကစားသမား ဖလိုရီယန်ဝစ် က ၁၉၁ မဲဖြင့် မဲအများဆုံးရရှိခဲ့ပြီး ၎င်းနောက်တွင် အိုလီဆီ က ၈၁ မဲဖြင့် ဒုတိယ၊ တိုက်စစ်မှူး ဗိုတီမာတီ က ၇၁ မဲဖြင့် တတိယ၊ တိုက်စစ်မှူး မူလာ က ဆန္ဒမဲ ၇၀ ဖြင့် စတုတ္ထနေရာတွင် အစဉ်လိုက်ရပ်တည်ခဲ့ပါတယ်။ တစ်နှစ်တာ အကောင်းဆုံးနည်းပြဆုကို ဖရိုင်းဖတ်အသင်းအား ယူရိုပါလိဂ်ဝင်ခွင့်ရရှိအောင် စွမ်းဆောင် နိုင်ခဲ့သည့် နည်းပြ ရှက်စတာ က ဆွတ်ခူးရရှိခဲ့ပါတယ်။(NVS 008)

12 Aug

ADVERTISE HERE .