အစ္စကို ဒဏ်ရာကြောင့် သုံးလဝန်းကျင်ခန့်အထိအနားယူရဖွယ်ရှိ

12 Aug

ရီးရဲလ်ဘက်တစ်အသင်း ကွင်းလယ်တိုက်စစ်ကစားသမား အစ္စကို ဒဏ်ရာကြောင့် သုံးလဝန်းကျင်ခန့် အထိ အနားယူရဖွယ်ရှိကြောင်း သိရပါတယ်။ ကွင်းလယ်တိုက်စစ် ကစားသမား အစ္စကို ဟာ ရီးရဲလ်ဘက်တစ်အသင်းက မာလာဂါအသင်းကို သုံးဂိုး၊ တစ်ဂိုးဖြင့် ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပါတယ်။ အသက် ၃၃ နှစ်အရွယ် ကွင်းလယ်တိုက်စစ်ကစားသမား အစ္စကို အနေနဲ့ ရီးရဲလ်ဘက်တစ်အသင်းနှင့်အတူ ၂ဝ၂၃-၂ဝ၂၄ မှ ၂၀၂၄-၂၀၂၅ ဘောလုံးရာသီအထိ ပြိုင်ပွဲစုံ ၆၉ ပွဲကစားပြီး ၂၁ ဂိုးသွင်းယူကာ ခြေစွမ်းပြထားနိုင်တာဖြစ်ပါတယ်။ (NVS 008)

12 Aug

ADVERTISE HERE .