အထည်ချုပ်လုပ်ငန်းများမှ ယခင်နှစ်ထက် သန်းနှစ်ရာနီးပါး ပိုမိုရရှိခဲ့

12 Aug

လက်ရှိ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ဧပြီလမှ ဇွန်လအထိပြည်ပသို့ အထည်ချုပ်တင်ပို့မှုမှ အမေရိကန် ဒေါ်လာ ၁,၂၁၇ ဒသမ ၄၄၈ သန်းရရှိထားတာကြောင့် ယခင်နှစ်ကာလထက် အမေရိကန်ဒေါ်လာ ၁၇၁ ဒသမ ၃၄၇ သန်း ပိုမိုရရှိခဲ့ကြောင်း သိရပါတယ်။ မြန်မာနိုင်ငံအနေဖြင့် အထည်ချုပ်လုပ်ငန်းကို ပြည်ပမှ ကုန်ကြမ်းတင်သွင်း ကာ ပြည်တွင်း၌ ပြန်လည်ချုပ်လုပ်သည့် CMP လက်ခစားစနစ်ဖြင့် ဆောင်ရွက်နေခြင်းဖြစ်ပါတယ်။ မြန်မာနိုင်ငံသို့ လက်ခစားစနစ်ဖြင့် အော်ဒါမှာယူနေသာ နိုင်ငံ ၁၀ နိုင်ငံစာရင်းတွင် ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံများ၊ ဂျပန်၊ ကိုရီးယား၊ အမေရိကန်နဲ့ တရုတ်နိုင်ငံတို့ ပါဝင်ပါတယ်။ မြန်မာနိုင်ငံ၏ အဓိကပို့ကုန်များဖြစ်တဲ့ ဆန်၊ ပဲ၊ ပြောင်းတို့အနက် CMP စနစ်ဖြင့် အထည်ချုပ်တင်ပို့မှုမှာ ပြည်ပတင်ပို့မှုအများဆုံးဖြစ်ပါတယ်။ ဒါ့အပြင် အထည်ချုပ်ကဏ္ဍက ပြည်တွင်း၌ အလုပ်အကိုင်အခွင့်အလမ်း အများဆုံးဖန်တီး‌ပေးလျက်ရှိတဲ့ ကဏ္ဍတစ်ခုလည်း ဖြစ်ပါတယ်။(NVS 004)

12 Aug

ADVERTISE HERE .