ချေးငွေယူထားပြီး ပြန်လည်ပေးဆပ်ခြင်းမရှိသည့် လုပ်ငန်းရှင် ၅၅ ဦးကို အရေးယူမည်
12 Aug
နိုင်ငံတော်မှထုတ်ချေးပေးသော ချေးငွေများရယူပြီးနောက် ပြန်လည်ပေးဆပ်ရမည့် စစ်ကိုင်းတိုင်းဒေသ ကြီးရှိ လုပ်ငန်းရှင် ၅၅ ဦးကို ချေးငွေသက်တမ်း ၃ နှစ်ပြည့်ပြီးဖြစ်၍ ပြန်လည်ပေးဆပ်ခြင်းမရှိပါက ဥပဒေအရ အရေးယူသွားမည်ဟု စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ အသိပေးအကြောင်းကြားခဲ့ကြောင်း သိရပါတယ်။ အဆိုပါ လုပ်ငန်းရှင်များကို နိုင်ငံတော်မှ ချေးငွေပြန်ဆပ်ရန် သက်တမ်းကို အကြိမ်ကြိမ်တိုးပေးထားခဲ့တာ ဖြစ်ပါတယ်။ ထိုကဲ့သို့ သက်တမ်းတိုးမြှင့်ပေးခဲ့သော်လည်း ချေးငွေသက်တမ်း ၃ နှစ်ပြည့်ပြီးသည်အထိ ပြန်လည် ပေးဆပ်မှုမရှိကြောင်း စိစစ်တွေ့ရှိရသဖြင့် ချေးငွေများအား ပြန်လည်ပေးဆပ်မှုမရှိပါက စီမံခန့်ခွဲရေး ပြစ်ဒဏ် များအပြင် တရားဥပဒေအရအရေးယူသွားမယ်လို့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့က အသိပေးအကြောင်း ကြားခဲ့ပါတယ်။ ၎င်းလုပ်ငန်းရှင်များမှာ အဝတ်စဖတ်/ဂွမ်းလုပ်ငန်း၊ ရေနံချက်၊ ဆီစက်၊ ဆန်စက်၊ ကြာဇံစက်၊ စားသောက်ဆိုင်၊ မုန့်လုပ်ငန်းနဲ့ တိုင်းရင်းဆေးဝါးလုပ်ငန်း စသည့်နယ်ပယ်များမှ လုပ်ငန်းရှင်များပါဝင်ကြောင်း သိရပါတယ်။(NVS 004)