နောင်ချိုမြို့နယ်အတွင်း အခြေခံပညာကျောင်း ၅၃ ခုဖွင့်လှစ်နိုင်ခဲ့ကာ ကျောင်းသား/သူ ၇,၀၀၀ ခန့် တက်ရောက်၍ ပညာသင်ကြားလျက်ရှိ

12 Aug

နောင်ချိုမြို့အား ပြန်လည်ထိန်းချုပ်ခဲ့ပြီးနောက် တစ်နှစ်နီးပါးကြာပိတ်ထားခဲ့သော အခြေခံပညာကျောင်း များကို ဇူလိုင်လ ၂၅ ရက်မှစတင်၍ ပြန်လည်ဖွင့်လှစ်ပေးခဲ့ကာ သြဂုတ်လ ၁၁ ရက်အထိ စာသင်ကျောင်း ၅၃ ခုကို ဖွင့်လှစ်ပေးခဲ့ပြီးဖြစ်ကြောင်း သိရပါတယ်။ သြဂုတ်လ ၁၁ ရက်အထိ ကျောင်းသား၊ ကျောင်းသူ ၁,၃၁၀ ဦး ထပ်မံကျောင်းအပ်လက်ခံခဲ့ပြီး လက်ရှိအချိန်အထိ ကျောင်းသား၊ ကျောင်းသူ ၆,၈၆၁ ဦးမှာ သက်ဆိုင်ရာ စာသင်ကျောင်းများ၌ တက်ရောက် သင်ကြားလျက်ရှိကြောင်း သိရပါတယ်။ ဒါ့အပြင် နောင်ချိုပြည်သူ့ဆေးရုံကြီးကို ပြုပြင်ပြီးနောက် ဩဂုတ်လ ၂ ရက်တွင် ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပြီး ဩဂုတ်လ ၁၁ ရက်အထိ ပြင်ပလူနာ ၇၉ ဦးကို ငှက်ဖျားရောဂါ၊ တုပ်ကွေးရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်တဲ့ ကျန်းမာရေးစစ်ဆေးကုသခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရပါတယ်။ ထို့အတူ ဒေသခံ ၉၉ ဦးကို သွေးအမျိုးအစားစစ်ဆေးပေးပြီး ၅ ဦးကို ငှက်ဖျားပိုးစစ်ဆေးပေးခဲ့ကာ အတွင်းလူနာအဖြစ် တက်ရောက်ဆေးကုသမှု ခံယူလျက်ရှိသူ ၂၈ ဦးကိုလည်း လိုအပ်သည့်ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိပါတယ်။(NVS 004)

12 Aug

ADVERTISE HERE .