ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားခွဲရုံအသစ် တည်ဆောက်

12 Aug

ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ လျှပ်စစ်ဓာတ်အားပိုမိုဖြန့်ဖြူးပေးနိုင်ရေးအတွက် ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်၊ (၁၀၆)ရပ်ကွက်မှာ ၆၆/၁၁ ကေဗွီဓာတ်အားခွဲရုံအသစ် တည်ဆောက်နေကြောင်း ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်းကနေ သိရပါတယ်။ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက ရန်ကုန်တိုင်းဒေသကြီးအတွင်း စဉ်ဆက်မပြတ်ဓာတ်အားပေးနိုင်ရေးအတွက် ဓာတ်အားခွဲရုံအသစ် တည်ဆောက် ကာ ထရမ်စဖော်မာများ ဝန်အားတိုးမြှင့်နိုင်ရန် လုပ်ဆောင်နေတာဖြစ်ပါတယ်။ အဆိုပါ ဓာတ်အားခွဲရုံအသစ်တည်ဆောက်နေမှုကို ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း ဥက္ကဋ္ဌ ဦးအောင်ကျော်ဦး က သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လက်ရှိဘဏ္ဍာနှစ်အတွင်း ဓာတ်အားဖြန့်ဖြူး ပေးနိုင်ရေး ကြိုးစားဆောင်ရွက်ရန်မှာကြားခဲ့ပါတယ်။ လက်ရှိမှာ ရန်ကုန်တိုင်းဒေသကြီးအတွင်း လေးနာရီလာ လေးနာရီပျက်စနစ်နဲ့ အလှည့်ကျ ဓာတ်အားဖြန့်ဖြူးပေးလျက် ရှိပါတယ်။(NVS 004)

12 Aug

ADVERTISE HERE .