အမေရိကန်က ယူကရိန်းကိုထောက်ပံ့ပေးနေမှု ရပ်တန့်လိုက်ပြီဟု ဂျေဒီဗန့် ပြော
12 Aug
အမေရိကန်အစိုးရအနေဖြင့် ယူကရိန်းကို ထောက်ပံ့ပေးနေမှု ရပ်တန့်လိုက်ပြီဖြစ်ကြောင်း အမေရိကန် ဒုတိယသမ္မတ ဂျေဒီဗန့်က ဩဂုတ်လ ၁၀ ရက်တွင်ပြောသည် ဟု Fox News သတင်းဌာနက ဖော်ပြထားသည်။ အကယ်၍ ယူကရိန်းကိုထောက်ပံ့ပေးနေသည့် အနောက်အုပ်စုမှနိုင်ငံများအနေဖြင့် ထိုနိုင်ငံကို ဆက်လက် ထောက်ပံ့ပေးလိုပါက အမေရိကန်နိုင်ငံမှ စစ်လက်နက်များကိုဝယ်ယူ၍ ထောက်ပံ့ပေးနိုင်မည်ဖြစ်ကြောင်း ဂျေဒီဗန့်ကဆက်ပြောသည်။ အမေရိကန်ဒုတိယသမ္မတက ဥရောပဒေသနှင့် ယူကရိန်းနိုင်ငံတို့မှ တာဝန်ရှိများနှင့် ဗြိတိန်နိုင်ငံ လန်ဒန် မြို့၌တွေ့ဆုံဆွေးနွေးပြီးနောက် မီဒီယာနှင့်တွေ့ဆုံပွဲတွင် ယခုကဲ့သို့ပြောလာခြင်း ဖြစ်သည်။ အမေရိကန်နိုင်ငံ အနေဖြင့် ယူကရိန်ကို ထောက်ပံ့ပေးနေသည်မှာ အလွန်များပြားနေပြီ ဖြစ်ကြောင်း၊ ဥရောပနိုင်ငံများအနေဖြင့် ယူကရိန်းအရေးကို အလွန်ဂရုစိုက်သည်ဆိုပါက ယင်းနိုင်ငံကိုထောက်ပံ့ရာတွင် အဓိကအခန်းကဏ္ဍမှပါဝင်သင့် ကြောင်း ၎င်းက ပြောထားသည်ဟု RT သတင်းဌာန ဖော်ပြချက်အရ သိရသည်။