ရုရှားသမ္မတဗလာဒီမာပူတင်နှင့် အမေရိကန်သမ္မတထရမ့် တို့အကြား ဆွေးနွေးပွဲကို အမေရိကန်နိုင်ငံ အလက် စကာပြည်နယ်၌ ကျင်းပမည်

12 Aug

ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် အမေရိကန်သမ္မတထရမ့်တို့အကြား ဆွေးနွေးပွဲကို ဩဂုတ်လ ၁၅ ရက် တွင် အမေရိကန်နိုင်ငံ အလက်စကာပြည်နယ်၌ ကျင်းပမည်ဖြစ်ကြောင်း သမ္မတထရမ့်က လူမှုမီဒီယာတွင် ပြောကြားခဲ့သည်။ ၎င်းဆွေးနွေးပွဲသည် ရုရှား-ယူကရိန်းအရေး ငြိမ်းချမ်းရေး ရရှိရေးအတွက် အကူအညီပေးမည်ဟု ယူဆကြောင်း အလက်စကာပြည်နယ်မှလွှတ်တော်ကိုယ်စားလှယ် လီဆာမာကိုစကီ က ပြောကြားသည်။ ယခု ဆွေးနွေးပွဲတွင် နှစ်နိုင်ငံအကျိုးတူ ကိစ္စရပ်များကို ဆွေးနွေးကြမည်ဖြစ်ကာ ဆွေးနွေးပွဲမှတစ်ဆင့် ရုရှား-ယူကရိန်းအရေးပြီးစီးရေးအတွက် အကူအညီပေးမည်ဟု ယုံကြည်ကြောင်း မာကိုစကီ က လူမှုမီဒီယာ အိက်စ် တွင် ပြောကြားသည်။ အလက်စကာပြည်နယ်သည် ကမ္ဘာ့ရေးရာများဆွေးနွေးရန် သင့်တော်သည့်ဒေသ ဖြစ်ပြီး တစ်ကမ္ဘာလုံးကလည်း ယခုဆွေးနွေးပွဲကို စောင့်ကြည့်နေကြကြောင်း အလက်စကာပြည်နယ် အုပ်ချုပ်ရေး မှူး မိုက်ခ်ဒန်လယ်ဗီ က ပြောကြားသည်ဟု Sputnik သတင်းဌာနဖော်ပြချက်အရ သိရသည်။

12 Aug

ADVERTISE HERE .