“စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေး ဆက်တိုက်မြင့်တက်”

11 Aug

ယခုတစ်ပတ်တာကာလဖြစ်တဲ့ ဩဂုတ်လ ၁၁ ရက်မှ ၁၇ ရက်အတွင်း ရောင်းချရမယ့် စားအုန်းဆီ ရန်ကုန် အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ တစ်ပိဿာကို ၆,၂၈၅ ကျပ်ဖြစ်ကြောင်း စားသုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက အသိပေးထုတ်ပြန်ကြေညာထားပါတယ်။ စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့တဲ့ အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံတို့မှ မြန်မာနိုင်ငံသို့ CIF စနစ်အရ တင်သွင်း နေတဲ့ စားအုန်းဆီတစ်တန်ဈေးနှုန်းမှာ ၂၀၂၅ ခုနှစ်၊ အစောပိုင်းမှ ကျဆင်းခဲ့ပေမယ့် ဇူလိုင်လ ဒုတိယအပတ်ကနေ စတင်ကာ ပြန်လည်မြင့်တက်လာခဲ့တာကြောင့် ယခုဩဂုတ်လတစ်ပတ်ရည်ညွှန်းဈေးနှုန်းဟာ ယခင်တစ်ပတ် ဈေးနှုန်း ထက် ၄၅ ကျပ်အထိ မြင့်တက်လာခဲ့ပါတယ်။ အခုလိုထုတ်ပြန်ကြေညာထားတဲ့ စျေးနှုန်းထက် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်နဲ့ သိုလှောင်ခြင်းအပါအဝင် မသမာတဲ့လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်‌ကြောင်း ကော်မတီက ထုတ်ပြန်အသိပေးထားပါတယ်။ (NVS-004)

11 Aug

ADVERTISE HERE .