“အင်းလေးဖောင်တော်ဦး ရုပ်ရှင်တော်မြတ်များ ၂၁ ဌာနသို့ ဒေသစာရီအပူဇော်ခံကြွရောက်ခြင်း အခမ်းအနား ကျင်းပမည်”
11 Aug
ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ်ရှိ အင်းလေးဖောင်တော်ဦး ရုပ်ရှင်တော်မြတ်များ ၂၁ ဌာနသို့ ဒေသစာရီအပူဇော်ခံကြွရောက်ခြင်း အခမ်းအနားကို အောက်တိုဘာလတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း အင်းလေးဖောင်တော်ဦးမြတ်စွာဘုရားဂေါပကအဖွဲ့မှ စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။ အင်းလေးဖောင်တော်ဦး ရုပ်ရှင်တော်မြတ်များကို ရှမ်းပြည်နယ် ညောင်ရွှေဒေသနေပြည်သူများ ကုသိုလ်တရား တိုးပွားစေရန် ရည်သန်၍ ဒေသစာရီအပူဇော်ခံ ကြွရောက်တော်မူခြင်းဖြစ်ပြီး ဖောင်တော်ဦးကျောင်းတော်တွင် ဒေသစာရီ အပူဇော်ခံကြွချီခြင်း မင်္ဂလာအခမ်းအနားဖွင့်လှစ်ပြီးနောက် အင်းတိန်ကြေးပေါခုံကျောင်းသို့ကြွရောက်၍ ညကျိန်း အနေဖြင့် အပူဇော်ခံတော်မူမည်ဖြစ်၍ အစဉ်အလာအတိုင်း ၂၁ ဌာနသို့ ဒေသစာရီ ကြွချီအပူဇော်ခံသွားမှာဖြစ်ပါတယ်။ အဆိုပါ အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ဒေသစာရီ ကြွချီအပူဇော်ခံပွဲကို တိုင်းရင်းသားရိုးရာ အစဉ်အလာ အတိုင်း ကျင်းပသွားမှာဖြစ်ပြီး အင်းသားရိုးရာလှေပြိုင်ပွဲကိုလည်း ထည့်သွင်းကျင်းပသွားမှာဖြစ်ကြောင်း သိရပါတယ်။ (NVS-004)