“တိုက်ကြီးမြို့နယ်၌ မိုးစပါး ဧကတစ်သိန်းနှစ်သောင်းကျော် လျာထားစိုက်ပျိုးမည်”

11 Aug

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၌ ၂၀၂၅ ခုနှစ် မိုးစပါးစိုက်ပျိုးရာသီ၌ မိုးစပါး ၁၂၇,၈၉၃ ဧက လျာထားစိုက်ပျိုးရန် ဆောင်ရွက်လျက်ရှိပြီး ဒေသခံတောင်သူများအနေနဲ့ ဆင်းသုခ၊ ရတနာတိုး၊ နှံကောက်၊ ဧရာမင်း၊ ဧရာသွယ်၊ အောင်နိုင်တိုး၊ ဖျော့ထွန်း အစရှိတဲ့ အထွက်ကောင်းစပါးမျိုးများနှင့် ဒေသကောက်ကြီးစပါးမျိုးများ စိုက်ပျိုးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရပါတယ်။ မြို့နယ်သမဝါယမအသင်းစုမှ ဆောင်ရွက်နေသည့် အကျိုးတူလယ်ယာမြေများတွင် GW-11၊ ဈော့ထွန်း၊ ဗီယက်နမ် ၉၀၊ ဆာဖိုးသား ဆင်းသုခ အစရှိတဲ့ အထွက်တိုးစပါးများကို တောင်သူများအား လက်ဝယ်အရောက်ဖြန့်ဖြူးပေး လျက်ရှိကာ ဒေသဝမ်းစာဖူလုံရေး၊ ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် တစ်ဧကအထွက်နှုန်းတိုးရေးအတွက် မျိုးကောင်း မျိုးသန့်ရွေးချယ်စိုက်ပျိုးရေး၊ စိုက်ပျိုးနည်းစနစ်များ စနစ်တကျရှိစေရေးအတွက် ခရိုင်/မြို့နယ်စိုက်ပျိုးမှု ကြီးကြပ်ရေး အဖွဲ့မှ တွန်းအားပေးဆောင်ရွက်လျက်ရှိသည့်အပြင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ Seeder များကို ဖြန့်ဝေပေးခြင်း ဖြင့် စနစ်တကျ အတန်းလိုက်စိုက်ပျိုးနိုင်ရေးတို့ကို ဆောင်ရွက်လျက်ရှိပါတယ်။ အဆိုပါ Seeder စနစ်ဖြင့် စိုက်ပျိုးသည့် တောင်သူများနှင့် စံပြကွက်စိုက်ပျိုးသည့်တောင်သူများအား ဓာတ်မြေဩဇာများကို သက်သာသောနှုန်းထားဖြင့် ဖြန့်ဖြူး ပေးလျက်ရှိပါတယ်။ ယခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် စိုက်ပျိုးနည်းစနစ်အနေဖြင့် ပျိုးထောင်စိုက်ပျိုးခြင်း၊ တိုက်ရိုက်မျိုးစေ့ချကိရိယာ Seeder ဖြင့် စိုက်ပျိုးခြင်း၊ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းတို့ကို ဆောင်ရွက်လျက်ရှိကာ လက်ရှိအချိန်အထိ မိုးစပါး ၁၀၉,၃၃၆ ဧက စိုက်ပျိုးပြီးစီးနေပြီဖြစ်ပါတယ်။ ဒါ့အပြင် မိုးစပါးပန်းတိုင်ရရှိရေး၊ အထွက်နှုန်းမြင့်မားရေးအတွက် မျိုးကောင်းမျိုးသန့်များ ပိုမိုအသုံးပြုစေရေး၊ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေး၊ စိုက်ပျိုးရေးနှင့် စိုက်ပျိုးစနစ်များ တိုးချဲ့ပညာပေးရေး လုပ်ငန်းစဉ်များအပြင် မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိတဲ့ အကျိုးတူလယ်ယာစီမံကိန်း များတွင်လည်း ၂၂,၇၄၀ ဧက ပါဝင်ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။ (NVS-004)

11 Aug

ADVERTISE HERE .