“တတိယအဆင့်ပွဲစဉ်မှာ ဆာဘာလန်ကာနှင့် ရာဒူကာနူ တို့ထိပ်တိုက်တွေ့ဆုံနေ”

11 Aug

အမေရိကန်နိုင်ငံ အိုဟိုင်းယိုပြည်နယ်မှာ ကျင်းပလျက်ရှိတဲ့ အမျိုးသမီးတစ်ဦးချင်းတင်းနစ်ပြိုင်ပွဲရဲ့ တတိယအဆင့်ပွဲစဉ်မှာ ကမ္ဘာ့အဆင့်(၁) ဘီလာရုဇ်တင်းနစ်မယ် ဆာဘာလန်ကာနှင့် ကမ္ဘာ့အဆင့်(၃၀) ဗြိတိန်တင်းနစ်မယ် ရာဒူကာနူ တို့ ထိပ်တိုက်တွေ့ဆုံနေခဲ့တာ ဖြစ်ပါတယ်။ Grand Slam ချန်ပီယံ ၃ ကြိမ်အထိ ရရှိထားတဲ့ ဆာဘာလန်ကာ ဟာ ရာဒူကာနူ နဲ့ ယခုနှစ်အတွင်း ထိပ်တိုက် တွေ့ဆုံမှုမှာ ၃ ကြိမ်မြောက် တွေ့ဆုံနေခဲ့တာဖြစ်ပြီး အစောပိုင်းနှစ်ပွဲမှာ ဆာဘာလန်ကာ က နှစ်ပွဲပြတ် ရမှတ်အသာစီးနဲ့ အနိုင်ရရှိထားခဲ့ပါတယ်။ အခုပြိုင်ပွဲမှာလည်း ရာဒူကာနူ က အကောင်းဆုံးလက်စွမ်းတွေ ပြသလျက်ရှိပြီး ဒုတိယအဆင့်ပွဲစဉ်မှာ ပြိုင်ဘက် ဆာဘီးယားတင်းနစ်မယ် ဒယ်နီလိုဗစ် ကို ၆-၃၊ ၆-၂ နဲ့အနိုင်ရရှိခဲ့ကာ တတိယအဆင့်ကို တက်‌ရောက် နိုင်ခဲ့တာ ဖြစ်ပါတယ်။ Grand Slam ချန်ပီယံ ၃ ကြိမ်အထိ ရရှိထားတဲ့ ကမ္ဘာ့အဆင့်(၁) ဘီလာရုဇ်တင်းနစ်မယ် ဆာဘာလန်ကာ ဟာ ဒုတိယအဆင့်ပွဲစဉ်မှာ ပြိုင်ဘက် ချက်ဇ်စီးယားတင်းနစ်မယ် ဗွန်ဒရိုဆိုဗာ ကို ၇-၅၊ ၆-၁ နဲ့ ခက်ခက်ခဲခဲကစားကာ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ ယခုလိုတတိယအကြိမ်မြောက်အဖြစ် တွေ့ဆုံချိန်မှာ ကမ္ဘာ့အဆင့်(၁) ဆာဘာလန်ကာအနေနဲ့ အနိုင်ယူ သွားနိုင်မလား ဒါမှမဟုတ် ရာဒူကာနူ အနေနဲ့ ရှုံးကြွေးပြန်ဆပ်နိုင်မလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ (NVS 008)

11 Aug

ADVERTISE HERE .