“ONE -120 ပွဲစဉ်မှာ ဒုတိယမြောက် ခေါင်တွဲဆိုင်းအဖြစ် ပါဝင်ထိုးသတ်မယ့် ရိုးရာဖိုက်တာ သန့်ဇင်”

11 Aug

လာမည့် ဩဂုတ်လ ၁၅ ရက်မှာ ကျင်းပမယ့် ONE -120 ပွဲစဉ်မှာ ဒုတိယခေါင်တွဲဆိုင်းအဖြစ် ရိုးရာဖိုက်တာ သန့်ဇင် က မွေထိုင်းဖိုက်တာ Gingsanglek နဲ့ ထိုးသတ်သွားရမှာ ဖြစ်ပါတယ်။ အဆိုပါပွဲစဉ်မှာ ရိုးရာဖိုက်တာ သန့်ဇင် အပြင်အခြားရိုးရာဖိုက်တာများဖြစ်တဲ့ စိုးနောင်ဦး နှင့် ချင်းတိုင်းရင်းသားဖိုက်တာ ဟာလိန်းအွမ် တို့တွဲဆိုင်းများပါဝင်လာခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် လာမယ့် သောကြာနေ့မှာ ကျင်းပမယ့် ONE -120 မှာ ရိုးရာဖိုက်တာတွဲဆိုင်း သုံးဆိုင်းအထိ ကြည့်ရှုသွားရမှာ ဖြစ်ပါတယ်။ ရိုးရာဖိုက်တာ သန့်ဇင်က မွေထိုင်းဖိုက်တာ Gingsanglekဖြင့် ယှဉ်ပြိင်ထိုးသတ်ရမှာဖြစ်သလို ချင်းတိုင်းရင်းသား ဖိုက်တာ ဟာလိန်းအွမ်မှာ ဂျပန်ဖိုက်တာ jutaishii ဖြင့်လည်းကောင်း၊ ရိုးရာဖိုက်တာ စိုးနောင်ဦး က လက်ဘနွန်ဖိုက်တာ အိုမာ အယ် ဟာလာဘီ နဲ့ လည်းကောင်း အသီးသီးထိုးသတ်သွားကြရမှာ ဖြစ်ပါတယ်။ (NVS 008)

11 Aug

ADVERTISE HERE .