“ဒါဝင်နူးနက်ဇ် ကို ကစားသမားသစ်အဖြစ် တရားဝင်မိတ်ဆက်ခဲ့တဲ့ အယ်လ်ဟီလာ”
11 Aug
အယ်လ်ဟီလာအသင်းက လီဗာပူးလ်အသင်းကနေ ခေါ်ယူထားတဲ့ ဥရုဂွေးလက်ရွေးစင်တိုက်စစ်မှူး ဒါဝင်နူးနက်ဇ် ကို အသင်းကစားသမားသစ်အဖြစ် မိတ်ဆက်ခဲ့ပါတယ်။ နူးနက်ဇ် ရဲ့ပြောင်းရွှေ့ကြေးကတော့ ယူရို ၅၃ သန်း(ပေါင် ၄၆ ဒသမ ၃)သန်းအထိ ရှိနိုင်တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။ အယ်လ်ဟီလာအသင်းက နူးနက်ဇ် ကို သုံးနှစ်သက်တမ်းရှိ စာချုပ်တစ်ရပ် ချုပ်ဆိုခဲ့တာ ဖြစ်တယ်။ နူးနက်ဇ် အနေနဲ့ ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့တဲ့ လီဗာပူးလ်အသင်းအတွက် ရှစ်ပွဲသာ ပွဲထွက်ကစားခဲ့ရပါတယ်။ နူးနက်ဇ်ဟာ ၂၀၂၂ ခုနှစ် ဇွန်လမှာ လီဗာပူးလ်အသင်းကို ဘင်ဖီကာအသင်းကနေ ကနဦး ပေါင် ၆၄ သန်းနဲ့ ပြောင်းရွှေ့ခဲ့ပါတယ်။ နူးနက်ဇ် ဟာ လီဗာပူးလ်အသင်းအတွက် ပြိုင်ပွဲစုံ ၁၄၃ ပွဲကစားကာ ဂိုး ၄၀ သွင်းယူပေးခဲ့ပါတယ်။ (NVS 008)
11 Aug