“လက်စတာအသင်းဂိုးသမား ဟာမန်ဆန် ကို ခေါ်ယူပြီးကြောင်းကြေညာခဲ့တဲ့ ဝက်စ်ဟမ်းအသင်း”

11 Aug

ဝက်စ်ဟမ်းအသင်းဟာ တန်းဆင်းသွားတဲ့ လက်စတာအသင်းဂိုးသမား မတ်စ်ဟာမန်ဆန် ကို ပြောင်းရွှေ့ကြေး ပေါင်သန်း ၂၀ ဝန်းကျင်နဲ့ ခေါ်ယူခဲ့ပြီဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ အသက် ၂၅ နှစ်အရွယ် ဟာမန်ဆန် ဟာ ဝက်စ်ဟမ်းအသင်းနဲ့ ငါးနှစ်သက်တမ်းရှိစာချုပ်ချုပ်ဆိုခဲ့ပြီး တစ်နှစ်သက်တမ်းတိုးခွင့် ပါဝင်တယ်လို့ သိရပါတယ်။ ဟာမန်ဆန် ရဲ့အပြောင်းအရွှေ့အတွက် နှစ်သင်းအကြား ရက်သတ္တပတ်အနည်းငယ် ဆွေးနွေးပြီးနောက် အပြီးသတ်သဘောတူညီမှု ရရှိခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီက လက်စတာအသင်း တန်းဆင်းခဲ့ရပေမဲ့ ဟာမန်ဆန် အကောင်းဆုံးလက်စွမ်းတွေ ပြသနိုင်ခဲ့ပါတယ်။ ဒါကြောင့် ဝက်စ်ဟမ်းအနေနဲ့ ပြီးခဲ့တဲ့ရာသီကုန်မှာ ပိုလန်ဝါရင့်ဂိုးသမား ဖေးဘီယန်စကီး အသင်းက ထွက်ခွာခဲ့လို့ ဂိုးသမားသစ် တစ်ဦးရှာဖွေနေခဲ့တာ ဖြစ်ပါတယ်။ (NVS 008)

11 Aug

ADVERTISE HERE .