“ဂရီးလစ်ရှ်ကို ခေါ်ယူဖို့ အပြိုင်ကြိုးပမ်းနေတဲ့ အဲဗာတန်နဲ့ နာပိုလီ”

11 Aug

အဲဗာတန်နဲ့ နာပိုလီအသင်းတို့ဟာ မန်စီးတီးအသင်းက အင်္ဂလန်တိုက်စစ်ကစားသမား ဂရီးလစ်ရှ် ကို ခေါ်ယူဖို့ အပြိုင်ကြိုးပမ်းနေကြောင်း သိရပါတယ်။ ဂရီးလစ်ရှ်ဟာ ၂၀၂၁ နွေရာသီမှာ အက်စတွန်ဗီလာကနေ မန်စီးတီးကို ပေါင်သန်း ၁၀၀ နဲ့ ရောက်ရှိခဲ့သူဖြစ်ပြီး ဗြိတိန်ကစားသမားတွေထဲမှာ ပြောင်းရွှေ့ကြေးအမြင့်ဆုံးအဖြစ် လက်ရှိအချိန်အထိ ရပ်တည်နေပါတယ်။ ဒါပေမယ့် အခုနောက်ပိုင်းရာသီတွေမှာ ပွဲကစားခွင့်လျော့ကျလာခဲ့ပြီး နည်းပြ ဂွါဒီယိုလာ က အသင်းမှာ နေရာပေးလိုခြင်းမရှိတော့တာကြောင့် အဲဗာတန်နဲ့ နာပိုလီအသင်းတို့က ကြိုးပမ်းလာခဲ့တာဖြစ်ပါတယ်။ ဂရီးလစ်ရှ် ရဲ့ လစာနှုန်းထားက တစ်နှစ်ယူရို ၁၅ သန်းဝန်းကျင်ဖြစ်တာကြောင့် နာပိုလီအသင်းအတွက် များပြားတဲ့ ပမာဏ ဖြစ်နေတာကြောင့် အငှားနဲ့ ခေါ်ယူဖို့ကြိုးပမ်းနေတဲ့ အဲဗာတန်အသင်းကို ရောက်ရှိဖို့ အခြေအနေကောင်းနေခဲ့ ပါတယ်။ (NVS 008)

11 Aug

ADVERTISE HERE .