ဆေးဝါးစက်ရုံ(အင်ရောင်း) လုပ်ငန်းများ ပြန်လည်ဆောင်ရွက်နေ

10 Aug

၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးကြောင့် မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့ရှိ ဆေးဝါးစက်ရုံ(အင်ရောင်း)တွင် သွေးကြောသွင်းဆေးရည်ထုတ်လုပ်ရေးဌာန အဆောက်အအုံနှင့် စက်ပစ္စည်းကိရိယာများ ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ပါတယ်။ အဆိုပါ ထိခိုက်ပျက်စီးမှုများကို ပြန်လည်ပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု၊ သွေးကြောသွင်း ဆေးရည်များ ပြန်လည်ထုတ်လုပ်နေမှုအခြေအနေများကို ဩဂုတ်လ ၉ ရက်တွင် စက်မှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ချာလီသန်း က လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။ စက်ရုံအစည်းအဝေးခန်းမ၌ ဦးဆောင်ညွှန်ကြားရေးမှူး၊ အထွေထွေမန်နေဂျာများ၊ စက်ရုံမှူး၊ ဌာနတာဝန်ခံ များနှင့်တွေ့ဆုံ၍ ဆေးဝါးထုတ်လုပ်သည့် အဆောက်အအုံဖြစ်သည့်အတွက် ကောင်းမွန်သည့် ထုတ်လုပ်မှုကျင့်စဉ် များနှင့် ကိုက်ညီမှုရှိအောင်ဆောင်ရွက်ရေး၊ ငလျင်ဇုန်အတွင်းရှိစက်ရုံများ၌ စက်ပစ္စည်းကိရိယာများ တပ်ဆင်မည် ဆိုပါက FEMA Guidelines နှင့်အညီ လိုက်နာဆောင်ရွက်ရေး၊ ပြည်တွင်း၌ ဆေးဝါးစက်ရုံများ၊ အသစ် တည်ဆောက်ခြင်း၊ ပြုပြင်မွမ်းမံခြင်းလုပ်ငန်းများ ဆောင်ရွက်လျှင် လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းစဉ်အဆင့်ဆင့် တို့ကို သတ်မှတ်ရေးဆွဲထားရှိရေး၊ ဆေးဝါးအမယ်သစ်များ၊ အခြေခံဆေးဝါးများ တိုးမြှင့်ထုတ်လုပ်နိုင်ရေးတို့အတွက် စီမံချက်များရေးဆွဲ၍ စနစ်တကျဆောင်ရွက်ရမည့်အပြင် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်ခြင်း စသည့် နည်းလမ်း များဖြင့်ပါ ဆောင်ရွက်နိုင်ရေးတို့ကို စီမံဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက မှာကြားခဲ့ကြောင်း သိရပါတယ်။(NVS 004)

10 Aug

ADVERTISE HERE .