တီဘီ၊ HIV ရောဂါကုသဆေးများကို နိုင်ငံတော်မှ ဝယ်ယူပေးလျက်ရှိ လူနာများအနေဖြင့် ဆေးပြတ်လပ်မှု မရှိစေဘဲ ကုသမှုခံယူနိုင်မည်

10 Aug

တီဘီ၊ HIV ရောဂါကုသဆေးများကို နိုင်ငံတော်မှနှစ်စဉ် ခွင့်ပြုရန်ပုံငွေဖြင့် စိုက်ထုတ်အကုန်အကျခံ ဝယ်ယူ ပေးလျက်ရှိနေပြီး လူနာများအနေဖြင့် ဆေးပြတ်လပ်မှုမရှိစေဘဲ ကုသမှုခံယူနိုင်မည်ဖြစ်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်း က ပြောကြားခဲ့ပါတယ်။ ဩဂုတ်လ ၈ ရက်တွင်ကျင်းပသည့် ခုတင်(၁၀၀)နှင့်အထက် ပြည်သူ့ဆေးရုံကြီးများမှ ဆေးရုံအုပ်ကြီးများ၊ အထူးကုဆရာဝန်ကြီးများနှင့် တွေ့ဆုံပွဲသို့ တက်ရောက်စဉ် ပြည်ထောင်စုဝန်ကြီးက ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်ပါတယ်။ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်ကတိုးမြှင့်ပံ့ပိုးပေးသည့် ကျန်းမာရေးရန်ပုံငွေဖြင့် လိုအပ်သည့် ဆေးနှင့်ဆေးပစ္စည်း၊ အထူးသဖြင့် တီဘီ၊ HIV ရောဂါကုသဆေးများကို နိုင်ငံတော်မှ ခွင့်ပြုရန်ပုံငွေဖြင့် စိုက်ထုတ်အကုန်အကျခံ နှစ်စဉ်ဝယ်ယူပေးလျက်ရှိရာ လူနာများအနေဖြင့် ဆေးပြတ်လပ်မှုမရှိစေဘဲ ကုသမှုခံယူ နိုင်မည်ဖြစ်ပြီး တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ပြည်သူ့ဆေးရုံများကို ပြည်သူလူထု အားကိုးယုံကြည်မှု ပိုမိုရရှိလာစေရေး ဆေးရုံများဥပဓိရုပ် ကောင်းမွန်ရေး၊ လူနာများ၊ လူနာမိသားစုများနှင့် ဆက်ဆံရေး ပိုမိုကောင်းမွန်စေရေးတို့ကိုလည်း ဆောင်ရွက်ပေးကြရန်၊ ကျန်းမာရေးအဆင့်အတန်း ယခုထက်ပိုမို ကောင်းမွန်လာပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအဆောက်အအုံဖြစ်စေရန်၊ မကြာမီကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲလုပ်ငန်းစဉ်များ အောင်မြင်စေရေး ကျရာကဏ္ဍမှ တာဝန်ကျေပွန်စွာ ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် ပြောကြားခဲ့ပါတယ်။(NVS 004)

10 Aug

ADVERTISE HERE .