ဂါနာချိုကိုခေါ်ယူရန် ပုဂ္ဂိုလ်ရေးသဘောတူညီမှုရရှိခဲ့ကြောင်း ချဲလ်ဆီးအသင်းထုတ်ပြန်

09 Aug

မန်ယူအသင်း တောင်ပံကစား သမား ဂါနာချို ဟာ နွေရာသီအပြောင်းအရွှေ့ကာလ စတင်ချိန်ကတည်းက အသင်းမှထွက်ခွာရန် ဆုံးဖြတ်ခဲ့ပြီးနောက် ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်း ချဲလ်ဆီးအသင်းက ခေါ်ယူရန် ကစားသမားနဲ့ ဆွေးနွေးခဲ့ရာ လက်ရှိတွင် နှစ်ဖက်သဘောတူညီမှုရရှိခဲ့ကြောင်း သိရပါတယ်။ ချဲလ်ဆီးအသင်းအနေနဲ့ အပြောင်းအရွှေ့ကာလအတွင်း တိုက်စစ်ပိုင်းအတွက် ကစားသမားသုံးဦးထိ ခေါ်ယူ ထားခဲ့သော်လည်း တောင်ပံတိုက်စစ်ပိုင်းအတွက် ကစားသမားတစ်ဦး ထပ်မံခေါ်ယူရန် ဆုံးဖြတ်ထားတာကြောင့် ချဲလ်ဆီးအသင်းက ဂါနာချို ကိုခေါ်ယူရန် ပစ်မှတ်ထားလာခဲ့တာဖြစ်ပါတယ်။ ရက်သတ္တပတ်အတွင်း ဆွေးနွေးမှု များပြုလုပ်ခဲ့ပြီးနောက် ခေါ်ယူရန် သဘောတူညီမှုရရှိခဲ့ပါတယ်။ လက်ရှိတွင် မန်ယူအသင်းက လိုက်ပ်ဇစ်အသင်းမှ ဆက်ကို ကိုခေါ်ယူရန် နောက်ဆုံးအဆင့် သဘောတူညီမှု ရခဲ့ပြီးနောက် ဂါနာချို အနေနဲ့ ချဲလ်ဆီးအသင်းသို့ ပြောင်းရွှေ့ရန်သေချာခဲ့ပါတယ်။ ချဲလ်ဆီးအသင်းက ကစားသမား အတွက် စတာလင်ပေါင် သန်း ၃၀ ဝန်းကျင်ထိအသုံးပြုရန် ရည်မှန်းထားသော်လည်း မန်ယူအသင်းက ဂါနာချို အတွက် ပြောင်းရွှေ့ကြေးကို စတာလင်ပေါင်သန်း ၅၀ ဝန်းကျင်ထိ အလိုရှိနေကြောင်း သိရပါတယ်။ ဂါနာချို ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက မန်ယူအသင်းအတွက် ပြိုင်ပွဲစုံ ၅၈ ပွဲပါဝင်ကစားခဲ့ပြီး သွင်းဂိုး ၁၁ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁၀ ကြိမ်ထိ ပြုလုပ်နိုင်ခဲ့ပေမယ့် နည်းပြ အာမိုရင် က ၎င်းရဲ့ကစားပုံကို နှစ်သက်မှုမရှိလို့ လက်ရှိအပြောင်း အရွှေ့ကာလမှာ အသင်းသစ်ရှာဖွေရန် ခွင့်ပြုပေးခဲ့ပြီး ရာသီကြိုခြေစမ်းပွဲကစားမည့် အမေရိကန်ခရီးစဉ်ကိုလည်း ခေါ်ယူခဲ့ခြင်းမရှိကြောင်း သိရပါတယ်။(NVS 008)

09 Aug

ADVERTISE HERE .