ကမ္ဘာ့အကောင်းဆုံးကစားသမားဆုအတွက် ဆန်ခါတင်စာရင်းတွင် ပီအက်စ်ဂျီအသင်းမှ ကစားသမားကိုးဦးထိ ပါဝင်

09 Aug

ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုအတွက် ဆန်ခါတင်ကစားသမားစာရင်း ထွက်ပေါ်လာခဲ့ပြီးနောက် ချန်ပီယံလိဂ်ဖလား ဆွတ်ခူးနိုင်ခဲ့သည့် ပီအက်စ်ဂျီအသင်းမှ ကိုးဦးထိပါဝင်လာခဲ့ပါတယ်။ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုအတွက် ဆန်ခါတင်ကစားသမားစာရင်းတွင် ပီအက်စ်ဂျီအသင်းမှ ဒမ်ဘီလီ၊ ဒွန်နာရမ်မာ၊ ဒူအီ၊ ခါဗာရက်ရှီလီယာ၊ ဟာကီမီ၊ မန်ဒက်၊ ဂျာအိုနီဗက်၊ ဖေဘီယန်ရုဇ်၊ ဗီတင်ဟာ စတဲ့ကစားသမားကိုးဦးထိ ပါဝင်လာခဲ့ပါတယ်။ အခြားကစားသမားများအဖြစ် ဘယ်လင်ဟမ်၊ ဒမ်ဖရိုင်း၊ ဂူရက်ဆီ၊ မာတီနက်ဇ်၊ ဟာလန်း၊ ဂျိုကာရက်စ်၊ ဟယ်ရီကိန်း၊ မက်အယ်လစ်စတာ၊ လီဝမ်ဒေါစကီး၊ လူတာရိုမာတီနက်ဇ်၊ တွမ်မီနေး၊ အမ်ဘာပေ၊ ဖလိုရီယန်ဝစ်ဇ်၊ ပက်ဒရီ၊ ကိုးလ်ပယ်မာ၊ ရာဖင်ဟာ၊ အိုလီဆီ၊ ဒီကလန်ရိုက်၊ ဗန်ဒိုက်၊ ဆာလာ နဲ့ ယာမယ် တို့ ပါဝင်ခဲ့ပါတယ်။ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုအတွက် ဆန်ခါတင်ကစားသမားစာရင်း ထွက်ပေါ်ခဲ့ပြီးနောက် ပီအက်စ်ဂျီ အသင်းမှ ဒမ်ဘီလီ က အဆိုပါဆုရရှိရန် ရေပန်းစားလျက်ရှိနေပါတယ်။ အလားတူ ကမ္ဘာ့အကာင်းဆုံး နည်းပြဆုအတွက် ဆန်ခါတင် နည်းပြစာရင်းတွင်လည်း ပီအက်စ်ဂျီအသင်းမှ နည်းပြ အန်းနရစ်၊ နာပိုလီအသင်းမှ ကွန်တီ၊ ဘာစီလိုနာအသင်းမှ ဟန်ဆီဖလစ်၊ ချဲလ်ဆီးအသင်းမှ မာရက်စ်ကာ နဲ့ လီဗာပူးလ်အသင်းမှ အာနီစလော့ တို့ ပါဝင်လာခဲ့ကြပြီး နည်းပြ အန်းနရစ် က အကောင်းဆုံးဆုဆွတ်ခူးနိုင်ရန် ရေပန်းစားလျက်ရှိနေပါတယ်။ (NVS 008)

09 Aug

ADVERTISE HERE .