လော့စ်အိန်ဂျလိစ်အက်ဖ်စီအသင်းတွင် ကျောနံပါတ်(၇)ဂျာစီကို ဝတ်ဆင်ကစားသွားမည့် ဆွန်ဟောင်မင်
09 Aug
စပါးအသင်းမှ မေဂျာလိဂ်ကလပ် လော့စ်အိန်ဂျလိစ်အက်ဖ်စီအသင်းသို့ ပြောင်းရွှေ့ခဲ့တဲ့ တိုက်စစ်ကစားသမား ဆွန်ဟောင်မင် ဟာ ကျောနံပါတ်(၇)ဂျာစီကို ဝတ်ဆင်ကစားသွားမည်ဖြစ်ကြောင်း သိရပါတယ်။ အသက် ၃၃ နှစ်အရွယ် ဆွန်ဟောင်မင် အနေနဲ့ စပါးအသင်းတွင် ၂ဝ၁၅-၂ဝ၁၆ မှ ၂၀၂၄-၂၀၂၅ ဘောလုံးရာသီအထိ ပြိုင်ပွဲစုံ ၄၅၄ ပွဲကစားပြီး ၁၇၃ ဂိုးသွင်းယူကာ ခြေစွမ်းပြနိုင်ခဲ့ခြင်းကြောင့် လော့စ်အိန်ဂျလိစ် အက်ဖ်စီအသင်းက ခေါ်ယူခဲ့ခြင်းဖြစ်ပါတယ်။ လော့စ်အိန်ဂျလိစ်အက်ဖ်စီ အသင်းက လက်ရှိနွေရာသီ အပြောင်းအရွှေ့အတွင်း ကစားသမားလေးဦးအထိ ခေါ်ယူအားဖြည့်ထားခဲ့တာဖြစ်ပါတယ်။(NVS 008)
09 Aug