အာဆင်နယ်အသင်းနဲ့ သက်တမ်းတိုးနိုင်ရန် မျှော်လင့်ကြောင်း ဆလီဘာ ပြော

09 Aug

အာဆင်နယ်အသင်းနောက်ခံလူ ဆလီဘာ က မကြာမီကာလအတွင်း အသင်းနှင့် သက်တမ်းတိုးနိုင်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။ ပြင်သစ်နောက်ခံလူ ဆလီဘာ ဟာ အာဆင်နယ်အသင်းတွင် ခြေစွမ်းပြနေခြင်းကြောင့် ရီးရဲလ်အသင်းက ခေါ်ယူရန် ပစ်မှတ်ထားနေတာဖြစ်ပါတယ်။ ဒါကြောင့် အာဆင်နယ်အသင်းက ၂၀၂၇ ခုနှစ်တွင် စာချုပ်သက်တမ်း ကုန်ဆုံးမည့် ဆလီဘာ ကို သက်တမ်းတိုးစာချုပ်သစ် ချုပ်ဆိုရန် စီစဉ်နေခြင်းဖြစ်ပါတယ်။ အသက် ၂၄ နှစ်အရွယ် ဆလီဘာ အနေနဲ့ လက်ရှိအချိန်တွင် တစ်ပတ်လုပ်ခ ပေါင် ၁၉၀,၀၀၀ ရရှိနေပြီး အာဆင်နယ်အသင်းက လစာနှုန်းထားအသစ်ဖြင့် ၂ဝ၂၉ ခုနှစ်အထိ သက်တမ်းတိုးစာချုပ် ချုပ်ဆိုရန် ဆွေးနွေး နေကြောင်း သိရပါတယ်။(NVS 008)

09 Aug

ADVERTISE HERE .