ကူကူရယ်လာ အား ခေါ်ယူပေးရန် အယ်လ်နာဆာအသင်းကို စီရော်နယ်လ်ဒို တောင်းဆို
09 Aug
အယ်လ်နာဆာအသင်းခေါင်းဆောင် စီရော်နယ်လ်ဒို က ချဲလ်ဆီးအသင်းနောက်ခံလူ ကူကူရယ်လာ အား ခေါ်ယူပေးရန် တောင်းဆိုထားကြောင်းသိရပါတယ်။ အယ်လ်နာဆာအသင်းဟာ ယခုနှစ်နွေရာသီ အပြောင်းအရွှေ့ ကာလတွင် နည်းပြအပြောင်းအလဲ ပြုလုပ်ထားသလို ထိပ်တန်းကစားသမားများကိုပါ ထပ်မံခေါ်ယူရန် စီစဉ်နေတာ ဖြစ်ပါတယ်။ အသက်၂၇ နှစ်အရွယ် ကူကူရယ်လာ အနေနဲ့ ချဲလ်ဆီးအသင်းကို ရောက်ရှိခါစတွင် ရုန်းကန်ခဲ့ရသော်လည်း ပြီးခဲ့တဲ့ရာသီတွင် အသင်းအတွက် အမာခံကစားသမားတစ်ဦးအဖြစ် ခြေစွမ်းပြနိုင်ခဲ့လို့ ချဲလ်ဆီးအသင်းက ရောင်းထုတ်ဖွယ်မရှိကြောင်း သုံးသပ်မှုများရှိနေပါတယ်။ သို့သော် အယ်လ်နာဆာအသင်းက မက်မောလောက်သည့် လစာနှုန်းထားဖြင့် ပြောင်းရွှေ့ကြေးပေးပြီး ကမ်းလှမ်းပါက ခေါ်ယူနိုင်မယ်လို့ ယုံကြည်နေကြောင်း သိရပါတယ်။ (NVS 008)
09 Aug