အိန္ဒိယ-ရုရှား ရေနံကုန်သွယ်ရေးအပေါ် အမေရိကန်ဖိအားပေးနေချိန် မိုဒီ နှင့် ပူတင် ဖုန်းဖြင့်ဆက်သွယ် ဆွေးနွေး

09 Aug

အိန္ဒိယ-ရုရှား ရေနံကုန်သွယ်ရေးအပေါ် အမေရိကန်အစိုးရက ဆက်တိုက်ဖိအားပေးနေချိန်တွင် အိန္ဒိယ ဝန်ကြီးချုပ် နာရန်ဒြာမိုဒီ သည် ရုရှားသမ္မတ ဗလာတီမာ ပူတင် နှင့် ဩဂုတ်လ ၈ ရက်က ဖုန်းဖြင့်ဆက်သွယ် ဆွေးနွေးခဲ့သည်။ မိုဒီ က လူမှုကွန်ရက်မီဒီယာတွင် ပို့စ်တင်ကာ ၎င်းအနေဖြင့် ရုရှားသမ္မတ ပူတင် နှင့် ယခုနှစ်နှောင်းပိုင်းတွင် တွေ့ဆုံရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ “ယူကရိန်း နောက်ဆုံးဖြစ်ပေါ်နေတဲ့ အခြေအနေအပေါ် သူမျှဝေခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့အနေနဲ့ နှစ်ဖက်ဆွေးနွေးမှုအစီအစဉ် တိုးတက်မှုအပေါ် ပြန်လည်သုံးသပ်ခဲ့ပါသေးတယ်။ အိန္ဒိယ-ရုရှား ထူးခြားတဲ့ မဟာဗျူဟာမိတ်ဖက်ဆက်ဆံရေးကို တစ်ဆင့်တိုးနက်ရှိုင်းအောင် ဆောင်ရွက်သွားမယ့် ကတိကဝတ်ကိုလည်း ထပ်မံပြောကြားခဲ့တယ်” ဟု မိုဒီ ကဆိုသည်။

09 Aug

ADVERTISE HERE .