၂၀၂၅ ခုနှစ် ဘလွန်းဒီအောဆု ဆန်ခါတင်စာရင်းတွင် နာပိုလီအသင်းကွင်းလယ်ကစားသမား တွမ်မီနေး ပါဝင်လာ
08 Aug
၂၀၂၅ ခုနှစ် ဘလွန်းဒီအောဆု ဆန်ခါတင်စာရင်းတွင် နာပိုလီအသင်း ကွင်းလယ်ကစားသမား တွမ်မီနေး ပါဝင်လာကြောင်း သိရပါတယ်။ အသက် ၂၈ နှစ်အရွယ် နာပိုလီနှင့် စကော့တလန်လက်ရွေးစင်အသင်း ကွင်းလယ်ကစားသမား တွမ်မီ နေး ဟာ ၂၀၂၄ ခုနှစ် နွေရာသီမှာ မန်ယူအသင်းမှ နာပိုလီအသင်းသို့ ပေါင် ၂၅ သန်းဖြင့် ပြောင်းရွှေ့ခဲ့ပြီး အသင်းနှင့်အတူ ပထမဆုံးဘောလုံးရာသီတွင် အကောင်းဆုံးခြေစွမ်းကို ပြသနိုင်ခဲ့ပါတယ်။ ပြီးခဲ့သည့်ဘောလုံးရာသီက အီတလီစီးရီးအေပြိုင်ပွဲတွင် နာပိုလီအသင်းအတွက် ၃၆ ပွဲ ပါဝင်ကစား ခဲ့ကာ ၁၃ ဂိုးသွင်းယူနိုင်ခဲ့ပြီး ဂိုးဖန်တီးမှုခြောက်ကြိမ် ပြုလုပ်ထားနိုင်ကာ အသင်းအတွက် အမှတ်ပေး ချန်ပီယံဖြစ်စေရန် အဓိကစွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ တွမ်မီနေး အနေနဲ့ ဘောလုံးလောက၏ ဂုဏ်သိက္ခာအမြင့်မားဆုံးဆုဖြစ်သည့် ဘလွန်းဒီအောဆု ဆန်ခါတင်စာရင်းတွင် ၎င်းရဲ့ ကစားသမားဘဝ၌ ပထမဆုံးအကြိမ်အဖြစ် ပါဝင်လာခြင်းဖြစ်ပါတယ်။(NVS 008)