တောင်ပံကစားသမား ဂရီးလစ်ရှ် ကို အငှားစာချုပ်ဖြင့်ခေါ်ယူရန် အဲဗာတန်အသင်းစီစဉ်
08 Aug
အဲဗာတန်အသင်းက မန်စီးတီးအသင်း တောင်ပံကစားသမား ဂရီးလစ်ရှ် ကို အငှားစာချုပ်ဖြင့် ခေါ်ယူနိုင်ရန် ဆွေးနွေးနေကြောင်း သိရပါတယ်။ အသက် ၂၉ နှစ်အရွယ် တောင်ပံကစားသမား ဂရီးလစ်ရှ် ဟာ ၂၀၂၁ ခုနှစ် နွေရာသီမှာ အက်စတွန်ဗီလာအသင်းမှ မန်စီးတီးအသင်းထံ ပေါင်သန်း ၁၀၀ ဖြင့် ပြောင်းရွှေ့ရောက်ရှိလာပြီး ခြောက်နှစ်စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ လက်ရှိတွင် အဲဗာတန်အသင်းက တစ်ရာသီ အငှားစာချုပ်ဖြင့် ခေါ်ယူနိုင်ရန်စီစဉ်နေခြင်းဖြစ်ပါတယ်။ ဂရီးလစ်ရှ် အနေနဲ့ မန်စီးတီးအသင်းတွင် သုံးရာသီဆက်တိုက် ပရီးမီးယားလိဂ်ချန်ပီယံအပြင် ၂၀၂-၂၀၂၃ ဘောလုံးရာသီမှာ အသင်းအတွက် ပထမဆုံးချန်ပီယံလိဂ်ဖလားအပါအဝင် တစ်ရာသီအတွင်း ဆုဖလားသုံးလုံးရရှိရန် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ နည်းပြ ဂွါဒီယိုလာ က နောက်ပိုင်းနှစ်များတွင် ဖိုဒန်၊ ဒိုကူ၊ ဒီဘရိုင်း နဲ့ ဘာနာဒိုဆေးလ်ဗား တို့ကို အသုံးပြုမှုများခဲ့ပြီး ဂရီးလစ်ရှ် အတွက် ပွဲကစားခွင့် နည်းပါးလာခဲ့ပါတယ်။ ဂရီးလစ်ရှ် အနေနဲ့ ၂၀၂၃-၂၀၂၄ ရာသီက ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ပွဲ ၂၀ သာ ကစားခဲ့ရကာ ပြီးခဲ့သည့်ဘောလုံးရာသီမှာလည်း ပရီးမီးယား လိဂ်ပြိုင်ပွဲတွင် ခုနစ်ပွဲသာ ပွဲထွက်ခွင့်ရခဲ့ပါတယ်။(NVS 008)