အလာဘာ ကို စာချုပ်ဖျက်သိမ်းရန် စီစဉ်နေတဲ့ ရီးရဲလ်မက်ဒရစ်အသင်း

08 Aug

ရီးရဲလ်မက်ဒရစ်အသင်းက ဒဏ်ရာပြဿနာနဲ့ မကြာခဏရင်ဆိုင်နေရတဲ့ နောက်ခံလူ အလာဘာ ကို စာချုပ်ဖျက်သိမ်းရန် စီစဉ်နေကြောင်း သိရပါတယ်။ အသက် ၃၃ နှစ်အရွယ် အလာဘာ အနေနဲ့ ၂၀၂၁ နွေရာသီတွင် ဘိုင်ယန်မြူးနစ်အသင်းနဲ့ လမ်းခွဲပြီး ရီးရဲလ်အသင်းကို ရောက်လာခဲ့ခြင်းဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ် ဒီဇင်ဘာတွင် ဒဏ်ရာကြောင့် အနားယူခဲ့ ရပြီး၂၀၂၅ ခုနှစ် ဇန်နဝါရီမှသာ ပြန်ကစားနိုင်ခဲ့ကာ ကလပ်ကမ္ဘာ့ဖလား ပြိုင်ပွဲကာလတွင်လည်း ဒဏ်ရာ ထပ်မံရရှိခဲ့ပါတယ်။ အလာဘာ နဲ့ ရီးရဲလ်အသင်းတို့ဟာ ၂၀၂၆ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားပြီး အသင်းတွင် ဘာပေ နဲ့ ဗင်နီစီးယပ်စ် တို့နောက် တတိယလစာအများဆုံး ကစားသမားအဖြစ် ရပ်တည်နေတာကြောင့် ရီးရဲလ်အသင်းက စာချုပ်ဖျက်သိမ်းရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရပါတယ်။ ရီးရဲလ်အသင်းက အစောပိုင်းတွင် အလာဘာ ကို ရောင်းထုတ်ရန်သို့မဟုတ် အငှားချရန် စီစဉ်ခဲ့ သော်လည်း ကြံ့ခိုင်မှုအခြေအနေကြောင့် စာချုပ်ဖျက်သိမ်းရန်သာ ကြိုးပမ်းလာခဲ့ခြင်းဖြစ်ပါတယ်။ သို့သော်ကစားသမားက စာချုပ်ကုန်သည်အထိ ရီးရဲလ်အသင်းတွင် ဆက်ကစားရန် ဆန္ဒရှိနေကြောင်း သိရပါတယ်။(NVS 008)

08 Aug

ADVERTISE HERE .