ရာသီသစ်အတွက် ယုံကြည်ချက်မြင့်မားနေပြီဖြစ်ကြောင်း နည်းပြ အာတီတာ ပြော
08 Aug
အာဆင်နယ်အသင်းနည်းပြ အာတီတာ က မိမိတို့အသင်းအနေဖြင့် လာမည့်ဘောလုံးရာသီသစ် အတွက် ယုံကြည်ချက်မြင့်မားနေပြီဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ နည်းပြအာတီတာ က မိမိတို့အသင်းအနေဖြင့် ပြီးခဲ့တဲ့ဘောလုံးရာသီက ဆုဖလားရရှိရန် နီးစပ်ခဲ့ပြီး လာမည့်ဘောလုံးရာသီအတွက် ကစားသမားသစ်တွေ ခေါ်ယူအားဖြည့်ခဲ့ခြင်းကြောင့် အသင်းအောင်မြင်မှု ရရှိရန် ယုံကြည်ချက်မြင့်မားနေပြီဖြစ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။ အာဆင်နယ်အသင်းက လက်ရှိအပြောင်းအရွှေ့ကာလတွင် ကစားသမားသစ်ခြောက်ဦး ခေါ်ယူ ထားနိုင်ခဲ့ပြီး ထပ်မံခေါ်ယူနိုင်ရန်အတွက် အသင်းတာဝန်ရှိသူများက စီစဉ်လျက်ရှိပါတယ်။(NVS 008)
08 Aug