အာဆင်နယ်တိုက်စစ်မှူး ဂျေဇူး အား အငှားဖြင့်ခေါ်ယူရန် ဖလာမင်ဂိုအသင်း ကြိုးပမ်း

08 Aug

ဘရာဇီးလ်ကလပ် ဖလာမင်ဂိုအသင်းက အာဆင်နယ်အသင်းတိုက်စစ်မှူး ဂျေဇူး ကို အငှား စာချုပ်ဖြင့်ခေါ်ယူရန် ကြိုးပမ်းနေကြောင်း သိရပါတယ်။ အသက်၂၈ နှစ်အရွယ် ဂျေဇူး ဟာ ၂၀၂၂ နွေရာသီတွင် မန်စီးတီးအသင်းမှ အာဆင်နယ်သို့ ပြောင်းရွှေ့ ခဲ့သူဖြစ်ပြီး ပြီးခဲ့တဲ့ရာသီတွင် ဒဏ်ရာပြဿနာကြောင့် ကာလရှည်အနားယူခဲ့ရတာဖြစ်ပါတယ်။ အာဆင်နယ်အသင်းက ၂၀၂၇ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားတဲ့ ဂျေဇူး ကို စာချုပ်သက်တမ်း တိုးလိုခြင်း မရှိတာကြောင့် ဖလာမင်ဂိုအသင်းက တစ်ရာသီအငှားဖြင့်ခေါ်ယူပြီး ၂၀၂၆ နွေရာသီတွင် အပြီးသတ်စာချုပ် ချုပ်ဆိုရန်ကြိုးပမ်းနေခြင်းဖြစ်ပါတယ်။ ဂျေဇူး ကလည်း ဘရာဇီးလ်တွင် ပြန်ကစားလိုတာကြောင့် အပြောင်းအရွှေ့ ဖြစ်မြောက်နိုင်ခြေ ရှိနေပြီး အငှားခေါ်ယူစဉ်ကာလအတွင်း အာဆင်နယ်အသင်းနှင့် လစာတစ်ဝက်စီ ပေးချေသွားရန် ဖလာမင်ဂို အသင်းက တောင်းဆိုထားကြောင်း သိရပါတယ်။(NVS 008)

08 Aug

ADVERTISE HERE .