“အင်ဒိုနီးရှားနိုင်ငံ ကြက်ခြေနီအသင်း(PMI)က မြန်မာနိုင်ငံကြက်ခြေနီအသင်း(MRCS)အား အမေရိကန်ဒေါ်လာ တစ်သိန်းလှူဒါန်း”

08 Aug

အင်ဒိုနီးရှားနိုင်ငံ ကြက်ခြေနီအသင်း (PMI) Palang Merah Indonesian မြန်မာနိုင်ငံကြက်ခြေနီအသင်း (MRCS) အား လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီ အမေရိကန်ဒေါ်လာတစ်သိန်း လှူဒါန်းပေးအပ်ခြင်း အခမ်းအနား ကို ဩဂုတ်လ ၇ ရက်တွင် ရန်ကုန်မြို့ ကမ်းနားလမ်းရှိ မြန်မာနိုင်ငံကြက်ခြေနီအသင်းရုံး၌ ကျင်းပခဲ့ကြောင်း သိရပါတယ်။ အခမ်းအနားသို့ မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌ ပါမောက္ခဒေါက်တာ မျိုးညွန့်၊ မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားနိုင်ငံသံရုံး တာဝန်ခံနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။ မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌ ပါမောက္ခဒေါက်တာ မျိုးညွန့် က မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ ဆောင်ရွက်မှုအခန်းကဏ္ဍများကို ရှင်းလင်းပြောကြားပြီး မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားနိုင်ငံ သံရုံးတာဝန်ခံ H.E. Mr. Muhammad Arnf Hidayatullah က နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပါတယ်။ ထို့နောက် မြန်မာနိုင်ငံကြက်ခြေနီအသင်းသို့ အင်ဒိုနီးရှားနိုင်ငံ ကြက်ခြေနီအသင်းမှ လှူဒါန်းငွေ အမေရိကန် ဒေါ်လာတစ်သိန်းကို ပေးအပ်ရာ မြန်မာနိုင်ငံကြက်ခြေနီ အသင်းဥက္ကဋ္ဌကလက်ခံရယူခဲ့ကာ လှူဒါန်းမှုကို အာဆီယံနိုင်ငံ ဆိုင်ရာ အင်ဒိုနီးရှားသမ္မတနိုင်ငံ သံရုံးမှတစ်ဆင့် ပေးအပ်လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ (NVS-004)

08 Aug

ADVERTISE HERE .