“ချမ်းသာကြီး ဆုတောင်းပြည့်မြတ်စွာဘုရားတွင် ရုပ်ပွားတော်သုံးဆူအတွက် ပါဝင်လှူဒါန်းနိုင်”

08 Aug

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ လမ်း ၉ဝ နှင့် ၂၄ လမ်းရှိ သမိုင်းဝင်ချမ်းသာကြီး ဆုတောင်းပြည့် မြတ်စွာဘုရားတွင် ငလျင်ဒဏ်ကြောင့် သာသနိကအဆောက်အအုံများနှင့် ဗုဒ္ဓရုပ်ပွားတော်များပျက်စီးမှုရှိခဲ့သဖြင့် ပြန်လည်ပြင်ဆင်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိရာ ရုပ်ပွားတော်သုံးဆူအတွက် အလှူရှင်များ လိုအပ်နေကြောင်း ချမ်းသာကြီးဆုတောင်းပြည့်မြတ်စွာဘုရား ဂေါပကအဖွဲ့မှ သိရပါတယ်။ ချမ်းသာကြီးဆုတောင်းပြည့်မြတ်စွာဘုရားသည် သီရိဓမ္မာသောကမင်းကြီးတည်ထားခဲ့သည့် ဘုရား၊ စေတီ တော်များအနက် တစ်ဆူအပါအဝင်ဖြစ်ပြီး ရှေးဟောင်းစာရင်းဝင်ဖြစ်ရာ ဘက်စုံပြုပြင်မွမ်းမံရေးအတွက် အလှူရှင်များ လိုအပ်လျက်ရှိနေပါတယ်။ အဆိုပါ ကျောက်ဆင်းတုရုပ်ပွားတော်သုံးဆူအနက် အလယ်ရုပ်ပွားတော်မှာ ဉာဏ်တော်အမြင့် ၁ဝ ပေ ၃ လက်မ နှင့် ပလ္လင်တံကဲမှာ အောက်ခြေမှ ၂ဝ ပေ ၆ လက်မအမြင့်ရှိ၍ ငွေကျပ် ၁၂၅ သိန်းကျသင့်မှာဖြစ်ပြီး အရံနှစ်ဆူ၏ ဉာဏ်တော်အမြင့်မှာ ၆ ပေ ၆ လက်မနှင့် ပလ္လင်တံကဲမှာ အောက်ခြေမှ ၁၄ ပေ ၆ လက်မ အမြင့်ရှိ၍ ငွေကျပ် ၈၅ သိန်း ကျသင့်မှာဖြစ်ပါတယ်။ ဒါကြောင့် တစ်ဦးတည်းအလှူရှင်(သို့မဟုတ်) အသင်းအဖွဲ့အလှူရှင်များအနေဖြင့် ဖုန်း ဝ၉-၆၇၄၆၂၂၂၄၅ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရပါတယ်။ (NVS-004)

08 Aug

ADVERTISE HERE .