“အိုဆာကာ ကို အနိုင်ရရှိကာ ကနေဒါအိုးပင်းချန်ပီယံဖြစ်ခဲ့တဲ့ အမ်ဘိုကို”

08 Aug

၂၀၂၅ ကနေဒါအိုးပင်းရဲ့ အမျိုးသမီးတစ်ဦးချင်းတင်းနစ် ဗိုလ်လုပွဲပွဲစဉ်မှာ ကနေဒါတင်းနစ်မယ် အမ်ဘိုကို က ဂျပန်တင်းနစ်မယ် အိုဆာကာ ကို အနိုင်ရရှိခဲ့ပြီး ချန်ပီယံဆုကို ရရှိခဲ့ပါတယ်။ အသက် ၁၈ နှစ်အရွယ်သာရှိသေးတဲ့ အမ်ဘိုကို ဟာ အကောင်းဆုံးလက်စွမ်းပြသနိုင်ခဲ့ပြီး ဂျပန်တင်းနစ် အိုဆာကာ ကို ဖိအားပေးကစားထားနိုင်ခဲ့ပါတယ်။ အဆိုပါဗိုလ်လုပွဲစဉ်ဟာ နှစ်နာရီနှင့် လေးမိနစ်ကြာမြင့်ခဲ့ပြီး ကနေဒါတင်းနစ်မယ် အမ်ဘိုကို က ဂျပန်တင်းနစ် အိုဆာကာ ကို ၂-၆၊ ၆-၄၊ ၆-၁ ဆိုတဲ့ ရလဒ်နဲ့အနိုင်ရရှိခဲ့ပြီး ချန်ပီယံဆုကို ရရှိခဲ့ပါတယ်။ ဒါကြောင့် အသက် ၁၈ နှစ်အရွယ်သာရှိသေးတဲ့ အမ်ဘိုကို ဟာ ကနေဒါအိုးပင်း ပြိုင်ပွဲမှာ ဂရမ်းစလမ် ချန်ပီယံတွေဖြစ်တဲ့ ကိုကိုဂတ်ဖ်၊ ရီဘာကီနာ နှင့် ကီနမ် တို့ကို အနိုင်ယူထားခဲ့သူ ဖြစ်ပါတယ်။ ကနေဒါအိုးပင်းရဲ့ အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲမှာတော့ အမေရိကန် တင်းနစ်သမား ရှက်စ်တန် က ခါချာနော့ ကို အနိုင်ရှိကာ ချန်ပီဆုကို ဆွတ်ခူးနိုင်ခဲ့တယ်လို့ သိရပါတယ်။ (NVS 008)

08 Aug

ADVERTISE HERE .