“အုပ်စုအဖွင့်ပွဲစဉ်မှာ အနိုင်ရရှိခဲ့တဲ့ မြန်မာအမျိုးသမီးအသင်း”

08 Aug

ဩဂုတ်လ ၇ ရက် ညနေ ၄ နာရီအချိန်မှာ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းနှင့် ဩစတြေးလျ ယူ -၂၃ အ မျိုးသမီးအသင်းတို့ ယှဉ်ပြိုင်ကစားရာ ပွဲပြီးဆုံးချိန်မှာ ၂ ဂိုး ၊ ၁ ဂိုးနဲ့ အုပ်စုအဖွင့် ပွဲစဉ်အနိုင်ရခဲ့ပြီဖြစ်ပါတယ်။ အဆိုပါပွဲစဉ်အတွင်း ပြိုင်ဘက်ဖြစ်သူ ဩစတြေးလျယူ-၂၃ အမျိုးသမီးအသင်းကို အရပ်အမောင်းကွာခြားတဲ့ ကြားမှ တွန်းတွန်းတိုက်တိုက်နဲ့ ကစားခဲ့ရပေမယ့် ပထမပိုင်းပွဲချိန် ၃၂ မိနစ်တွင် မေသက်မွန်မြင့် က အဝေးကန်ချက်နဲ့ သွင်းယူခဲ့သလို ဒုတိယပိုင်းပွဲချိန် ၄၇ မိနစ်မှာ ဝင်းသိင်္ဂီထွန်းက ၁ ဂိုး ထပ်မံသွင်းယူနိုင်ခဲ့ခြင်းဖြစ်ပါတယ်။ ဩစတြေးလျယူ-၂၃ အမျိုးသမီးအသင်းက ပွဲချိန် ၈၄ မိနစ်မှာ Woodgate Furphy က ချေပဂိုး ၁ ဂိုး ပြန်လည် သွင်းယူခဲ့ပါတယ်။ ပွဲစဉ်အလိုက် အကောင်းဆုံးကစားသမားဆုကို အဖွင့်ဂိုးသွင်းယူခဲ့တဲ့ မြန်မာအသင်းနောက်ခံလူ မေသက်မွန်မြင့် က ရရှိခဲ့သည်။ အာဆီယံအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲကို ဗီယက်နမ်နိုင်ငံတွင်ကျင်းပနေခြင်းဖြစ်ပြီး မြန်မာအသင်းအနေဖြင့် ဩဂုတ်လ ၁၀ ရက်တွင် တီမော၊ ဩဂုတ်လ ၁၃ ရက်တွင် ဖိလစ်ပိုင်အသင်းတို့နှင့် ဆက်လက်ယှဉ်ပြိုင် ကစားသွားကြရမှာ ဖြစ်ပါတယ်။ (NVS 008)

08 Aug

ADVERTISE HERE .