“ဆုကြေးအများဆုံးဖြစ်လာမယ့် ယူအက်စ်အိုးပင်းပြိုင်ပွဲ”

08 Aug

၂၀၂၅ ယူအက်စ်အိုးပင်းတင်းနစ်ပြိုင်ပွဲ အမျိုးသားနဲ့အမျိုးသမီး တစ်ဦးချင်းချန်ပီယံဆုရတဲ့ ကစားသမားတွေ ဟာ ဆုကြေး ပေါင် ၃ ဒသမ ၇ သန်း စီရမှာဖြစ်ပြီး အခုနှစ်ပြိုင်ပွဲတစ်ခုလုံးအတွက် ဆုကြေးကို ပေါင် ၆၇ ဒသမ ၄ သန်း ပေးဖို့ သတ်မှတ်ထားတယ်လို့ သိရပါတယ်။ ယူအက်စ်အိုးပင်း ပြိုင်ပွဲကျင်းပရေး ကော်မတီကတော့ အခုဆုကြေးဟာ တင်းနစ်သမိုင်းမှာ အများဆုံးဆုကြေး ဖြစ်လာမယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ အခုနှစ်ပြိုင်ပွဲမှာ တစ်ဦးချင်းချန်ပီယံဆုအတွက် ဆုကြေးတွေကို မနှစ်ကထက် ၃၉ ရာခိုင်နှုန်း တိုးမြှင့်ပေးသွားမှာဖြစ်သလို ပြိုင်ပွဲ တစ်ရပ်လုံးအတွက် ဆုကြေးကလည်း မနှစ်က ပြိုင်ပွဲထက် ၂၀ ရာခိုင်နှုန်းတိုးသွားမှာဖြစ်ပါတယ်။ အခုနှစ် ဝင်ဘယ်ဒန်ပြိုင်ပွဲမှာ တစ်ဦးချင်း ချန်ပီယံဆုရှင်တွေကို ဆုကြေးပေါင် ၃ သန်းသာပေးခဲ့သလို ပြိုင်ပွဲ တစ်ရပ်လုံးအတွက် ဆုကြေးက ပေါင် ၅၃ သန်းသာပေးခဲ့တာဖြစ်ပါတယ်။ အခုနှစ်အစောပိုင်းမှာ အမျိုးသားနဲ့ အမျိုးသမီး ကမ္ဘာ့အဆင့်ထိပ်တန်း ကစားသမားအယောက် ၂၀ ဟာ ဂရင်းစလမ်ပြိုင်ပွဲတွေမှာ ဆုကြေးကို ပိုမိုတိုးမြှင့် ရရှိဖို့အတွက် ပြိုင်ပွဲကျင်းပရေးတွေဆီကို စာရေးသားတောင်းဆိုထားကြတာဖြစ်ပါတယ်။ အမျိုးသားနဲ့ အမျိုးသမီး ၂ ယောက်တွဲပြိုင်ပွဲတွေမှာလည်း ချန်ပီယံဖြစ်တဲ့အတွဲက မနှစ်ကထက် ဆုကြေးကို ၃၅ ရာခိုင်နှုန်းတိုးမြှင့်ရရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။ (NVS 008)

08 Aug

ADVERTISE HERE .