“အယ်လ်နာဆာအသင်းကို ပြောင်းရွှေ့ဖို့ သဘောတူညီခဲ့တဲ့ အင်နီဂိုမာတီနက်ဇ်”
08 Aug
ဘာစီလိုနာအသင်းက စပိန်နောက်ခံလူ အင်နီဂိုမာတီနက်ဇ် ဟာ ဆော်ဒီကလပ် အယ်လ်နာဆာအသင်းသို့ ပြောင်းရွှေ့ရန် သဘောတူညီမှုရရှိခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။ အင်နီဂိုမာတီနက်ဇ် ဟာ ၂၀၂၃ နွေရာသီမှာ ဘီလ်ဘာအိုကနေ ဘာစီလိုနာအသင်းဆီ အလွတ်ပြောင်းရွှေ့ ကြေးနဲ့ ရောက်ရှိလာခဲ့သူဖြစ်ပြီး လက်ရှိစာချုပ်က ၂၀၂၆ မှာ ကုန်ဆုံးမှာ ဖြစ်ပါတယ်။ အသက် ၃၄ နှစ်ရှိပြီဖြစ်တဲ့ မာတီနက်ဇ် ကို ဘာစီလိုနာအသင်းက စာချုပ်ဖျက်သိမ်းပေးဖို့ သဘောတူလိုက်ပြီဖြစ်ပြီး အယ်လ်နာဆာအသင်းက အင်နီဂို ကို ကနဦးတစ်နှစ်စာချုပ်ချုပ်ဆိုပြီး နောက်ထပ်တစ်နှစ် သက်တမ်းတိုးနိုင်မယ့် သဘောတူညီမှုရရှိခဲ့ပြီ ဖြစ်ကြောင်း သတင်းထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ ဘာစီလိုနာအသင်းဟာ ကစားသမားသစ်တွေကို စာရင်းသွင်းနိုင်ဖို့အတွက် အသင်းက ကစားသမားတချို့ကို ရောင်းထုတ်ဖို့ လိုအပ်နေပြီး အင်နီဂို ကို စာချုပ်ဖျက်သိမ်းလိုက်တဲ့အတွက် သက်ရောက်မှုရှိစေတယ်လို့ သိရပါတယ်။ အင်နီဂို ဟာ ဘာစီလိုနာအသင်းမှာ ပွဲ ၇၀ ကျော်သာ ကစားခဲ့ရပေမဲ့ ဆိုစီဒက်၊ ဘီလ်ဘာအိုအသင်းတွေနဲ့အတူ အတွေ့အကြုံကြွယ်ဝခဲ့တဲ့ ကစားသမားတစ်ဦးဖြစ်ပါတယ်။ (NVS 008)