“ဘယ်လီဘာ အတွက် ပြောင်းရွှေ့ကြေးယူရိုသန်း ၁၂၀ လို့သတ်မှတ်ခဲ့တဲ့ ဘရိုက်တန်အသင်း”
08 Aug
ဘရိုက်တန်အသင်းဟာ မန်ချက်စတာမြို့ခံအသင်းနှစ်သင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ကွင်းလယ် ကစားသမား ဘယ်လီဘာ အတွက် ပြောင်းရွှေ့ကြေးကို ယူရိုသန်း ၁၂၀ လို့ သတ်မှတ်လိုက်ပါတယ်။ အသက် ၂၁ နှစ်အရွယ် ဘယ်လီဘာ ဟာ ၂၀၂၃ နွေရာသီမှာ လိုင်လီအသင်းကနေ ဘရိုက်တန်အသင်းကို ပြောင်းရွှေ့ကြေး ယူရို ၂၇ သန်းအပြင်အပိုဆုကြေး ယူရို ၃ သန်းနဲ့ ရောက်ရှိခဲ့သူ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ဘယ်လီဘာ ဟာ ဘရိုက်တန်အသင်းရဲ့ အမာခံကစားသမားတစ်ဦးအဖြစ် ခြေစွမ်းပြနေတာကြောင့် မန်ချက်စတာ နှစ်သင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။ ဒါပေမယ့် ၂၀၂၈ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားတဲ့ ဘယ်လီဘာ ကို အခုနှစ်နွေရာသီမှာ ဘယ်အသင်းကပဲ ကမ်းလှမ်းသည်ဖြစ်စေ ဘရိုက်တန်အသင်းက ယူရိုသန်း ၁၂၀ တောင်းဆိုသွားဖို့ စီစဉ်ထားကြောင်း သိရပါတယ်။ ဘရိုက်တန်အသင်းရဲ့ ဥက္ကဋ္ဌကတော့ လက်ရှိအချိန်အထိ မန်ယူအသင်းက မဆက်သွယ်သေးကြောင်းနဲ့ ဘယ်လီဘာ ကို အသင်းမှာ နှစ်များစွာ ဆက်ရှိစေလိုကြောင်း ပြောကြားခဲ့ပါတယ်။ (NVS 008)