“ရုရှားသမ္မတနှင့် အမေရိကန်သမ္မတတို့ လာမည့်ရက်ပိုင်းအတွင်း တွေ့ဆုံဆွေးနွေးမည်ဟုဆို”
08 Aug
ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့်အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့သည် လာမည့်ရက်ပိုင်းအတွင်း တွေ့ဆုံဆွေးနွေးမှုပြုလုပ်သွားမည်ဖြစ်ကြောင်း ရုရှားသမ္မတရုံးမှတာဝန်ရှိသူဖြစ်သည့် ယူရီယူရှာကော့ က ဩဂုတ် လ ၇ ရက်တွင်ပြောသည်။ အမေရိကန်နိုင်ငံ၏အဆိုပြုမှုအရ နှစ် နိုင်ငံခေါင်းဆောင်များကြား တွေ့ဆုံဆွေးနွေးရန် သဘောတူညီချက်ရရှိထားပြီးဖြစ်ကြောင်း၊ လက်ရှိတွင် ရုရှားတာဝန်ရှိသူများက အမေရိကန်တာဝန်ရှိသူများနှင့် ပူးပေါင်း၍ ခိုင်မာသောကြိုတင်ပြင်ဆင်မှုများကို လုပ်ဆောင်နေပြီဖြစ်ကြောင်း ယူရီယူရှာကော့က ဆက်ပြော သည်။ ထို့ပြင် နှစ်နိုင်ငံခေါင်းဆောင်များကြား တွေ့ဆုံဆွေးနွေးမှုပြုလုပ်မည့်နေရာကိုလည်း အတည်ပြုထားပြီ ဖြစ်ကြောင်းနှင့် နောက်ပိုင်းတွင် ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း ယူရီယူရှာကော့ကပြောထားသည်။ ထရမ့် သည် လာမည့်သီတင်းပတ်အစောပိုင်းတွင် ပူတင်နှင့်တွေ့ဆုံသွားရန် ရည်မှန်းထားသည်ဟု New York Times သတင်းဌာန က ဖော်ပြထားသည်။