“ယာယီသမ္မတ ဦးမြင့်ဆွေ ကွယ်လွန်မှုအတွက် နိုင်ငံတော်အဆင့်ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ်သတ်မှတ်❞

08 Aug

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ ဦးမြင့်ဆွေ ကွယ်လွန်ခဲ့မှုအတွက် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၇ ရက်မှ ၁၁ ရက်အထိ ၅ ရက်တာကာလကို နိုင်ငံတော်အဆင့် ဝမ်းနည်းကြောင်း အထိမ်းအမှတ် ကာလအဖြစ် သတ်မှတ်ကြောင်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အဆိုပါကာလအတွင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံကို တိုင်ဝက်လျှော့ချ၍ လွင့်ထူသွားကြရန် ညွှန်ကြားထားရှိကြောင်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ ဦးမြင့်ဆွေသည် သြဂုတ်လ ၇ ရက်၊ နံနက် ၈ နာရီ ၂၈ မိနစ်မှာ အမှတ်(၂) တပ်မတော်ဆေးရုံကြီး ခုတင် (၁၀၀၀) ၌ ကွယ်လွန်သွားခဲ့ခြင်းဖြစ်ပြီး နိုင်ငံတော်ဈာပနအဖြစ် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်များအရ သိရပါတယ်။(NVS 004)

08 Aug

ADVERTISE HERE .