“စည်ပင်ရေသုံးစွဲလိုသူများ အွန်လိုင်းမှလျှောက်ထားနိုင်”

08 Aug

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု)မှ ပေးဝေလျက်ရှိသည့် စည်ပင်ရေကို သုံးစွဲလိုသူများအနေဖြင့် အိမ်ရေဆက်သွယ်ခွင့်လျှောက်ထားခြင်းကို အွန်လိုင်းမှတဆင့်လျှောက်ထား နိုင်ပြီဖြစ်ကြောင်း သိရပါတယ်။ ရေသန့် ဆက်သွယ်သုံးစွဲသူများအနေနဲ့ ရေမီတာကို မဖြစ်မနေတပ်ဆင်ရမှာဖြစ်ကြောင်း၊ ရေမီတာများကို ထားရှိအသုံးပြုရာတွင် လိုက်နာရမည့် စည်းကမ်းချက်များအနေနဲ့ ရေမမြုပ်သည့်နေရာများ၊ ရေမီတာဖတ် ဝန်ထမ်း များ ဝင်ထွက်သွားလာဖတ်ရှုနိုင်မည့် နေရာများတွင် စနစ်တကျတပ်ဆင်သုံးစွဲရမည်ဖြစ်ကြောင်းနှင့် ရေမီတာ၊ ရေပိုင်း လိုင်းများနှင့်ပတ်သက်၍လည်း မိမိသဘောဖြင့်ပြုပြင်ဆောင်ရွက်ခြင်းများ မပြုလုပ်ရဘဲ YCDC မှ ညွှန်ကြားချက် အတိုင်းသာ ပြုပြင်ဆောင်ရွက်မှုများ ပြုလုပ်ရမည်ဖြစ်ကြောင်းလည်း သိရပါတယ်။ ရေမီတာ ပျောက်ဆုံး/ပျက်စီးခြင်းများ ဖြစ်ပေါ်ပါကလည်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု)မှ ပြန်လည်ဝယ်ယူသုံးစွဲရမှာဖြစ်ကြောင်း၊ အဆိုပါညွှန်ကြားချက်ကို လိုက်နာခြင်း မရှိပါက ရေဖိုး၊ ရေခကောက်ခံမှုကို ရေသုံးစွဲမှု၏ နှစ်ဆကောက်ခံသွားမှာဖြစ်ကြောင်း သိရပါတယ်။ (NVS 004)

08 Aug

ADVERTISE HERE .