“ကောင်းမှုတော်စေတီ တောင်ဘက်စောင်းတန်း ပန္နက်တင် အခမ်းအနားကျင်းပ”

08 Aug

မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စစ်ကိုင်းမြို့၊ ရာဇမဏိစူဠာ ကောင်းမှုတော်စေတီတော် တောင်ဘက်စောင်းတန်းတည်ဆောက်ရန် ဩဂုတ်လ ၆ ရက်၊ နံနက်ပိုင်းက ပန္နက်တင်ခြင်းအခမ်းအနား ကျင်းပ ပြုလုပ်ခဲ့ပါတယ်။ ပန္နက်တော်တင်အခမ်းအနားသို့ သီတဂူဆရာတော်ကြီးနှင့် ပင့်သံဃာဆရာတော်ကြီးများ၊ စစ်ကိုင်း တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် အလှူရှင် များတက်ရောက်ခဲ့ကြပါတယ်။ အခမ်းအနားမှာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အလှူရှင် CB ဘဏ် ဥက္ကဋ္ဌ ဦးခင်မောင်အေးတို့က သီတဂူဆရာတော်ကြီးထံ ပန္နက်တော်တိုင်၊ အမွှေးနံ့သာရေနှင့် ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းကြပါတယ်။ မင်္ဂလာအချိန်မှာတော့ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ အလှူရှင် CB ဘဏ် ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက သတ်မှတ်နေရာများတွင် ပန္နက်တော်တင် မင်္ဂလာပြုလုပ်ကြပြီးနောက်လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချဘ အမျှပေးဝေကာ “ဗုဒ္ဓသာသနံ စိရံ တိဌတု” သုံးကြိမ်ရွတ်ဆို ဆုတောင်းကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြပါတယ်။ ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ရာဇမဏိစူဠာကောင်းမှုတော် စေတီတော်မြတ်ကြီးနှင့် သာသနိကအဆောက်အဦများ ပြန်လည်ပြုပြင်မွန်းမံနေမှုများ၊ စေတီတော်ကြီးသမိုင်းကျောက်စာတို့ကို တိုင်းဒေသ ကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ အလှူရှင် CB ဘဏ်ဥက္ကဋ္ဌတို့က လိုက်လံကြည့်ရှုခဲ့ ကြပါတယ်။ (NVS 004)

08 Aug

ADVERTISE HERE .