အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းသို့ ၂၀၂၅ ခုနှစ် ပထမ ၇ လတာအတွင်း နိုင်ငံတကာခရီးသွား ၄ သန်းကျော် ဝင်ရောက်

07 Aug

အင်ဒိုနီးရှားနိုင်ငံ၏ ထိပ်တန်းခရီးသွားနေရာဖြစ်သည့် ဘာလီကျွန်းသို့ ယမန်နှစ် ဇန်နဝါရီလမှ ဇူလိုင်လ အထိ နိုင်ငံခြားခရီးသွားဧည့်သည် ၃ ဒသမ ၈၉ သန်းဝင်ရောက်ခဲ့ရာမှ ယခုနှစ်ကာလတူတွင် လေးသန်းကျော် တိုးမြင့်၍ လာရောက်လည်ပတ်ခဲ့ကြောင်း ဘာလီပြည်နယ်ဆိုင်ရာ ခရီးသွားလုပ်ငန်းရုံးအကြီးအကဲ အီဝါယန် ဆူမာရာဂျာယာ က သြဂုတ်လ ၅ ရက်တွင် ပြောကြားခဲ့သည်။ အဆိုပါကာလအတွင်း၌ပင် ဘာလီကျွန်းသို့ ပြည်တွင်းခရီးသွားဧည့်သည် ဦးရေ ၅ သန်းအထိ ရောက်ရှိ ခဲ့ကြောင်း ၎င်းက ဘာလီပြည်နယ် မြို့တော်ဒန်ပါဆာတွင် ပြောကြားခဲ့သည်။ ယခုနှစ် ဘာလီကျွန်းသို့ နိုင်ငံတကာ ခရီးသွားဧည့်သည်ဝင်ရောက်မှု အရေအတွက်သည် ယမန်နှစ် ခရီးသွားဧည့်သည်ဝင်ရောက်မှု အရေအတွက် ၆ ဒသမ ၄ သန်းကို ကျော်လွန်မည်ဟု ၎င်းက ခန့်မှန်းထားသည်။ ဘာလီကျွန်း၏ ယဉ်ကျေးမှုကွဲပြားမှုနှင့် သဘာဝအလှတရားများက ကမ္ဘာလှည့်ခရီးသည်များအတွက် အဓိကဆွဲဆောင်မှုတစ်ခုအဖြစ် ဆက်လက်တည်ရှိနေကြောင်း ဆူမာရာဂျာယာ က မှတ်ချက်ပြုခဲ့ကြောင်း သိရသည်။

07 Aug

ADVERTISE HERE .