အမေရိကန် စတင်ဖော်ဆောင်သည့် စည်းကြပ်ခွန်တိုက်ပွဲကြောင့် ကုန်သွယ်ရေးစည်းစနစ်အား ရှုပ်ထွေးစေ၊ ကမ္ဘာ့တောင်ဘက်ခြမ်းက ပူးပေါင်းဆောင်ရွက်၍ အနာဂတ်သို့ မျှော်မှန်းနေဟု မလေးရှားမီဒီယာ ဖော်ပြ

07 Aug

မလေးရှား Sin Chew Daily ဝက်ဘ်ဆိုက်သည် ဩဂုတ်လ ၄ ရက်တွင် စည်းကြပ်ခွန်တိုက်ပွဲမှ ကမ္ဘာလုံးဆိုင်ရာ ဘုံအကျိုးစီးပွားဖြစ်ထွန်းရေးထွက်လမ်းကို ပြန်လည်သုံးသပ်ခြင်း ခေါင်းစဉ်ဖြင့် သတင်း ဆောင်းပါး ဖော်ပြခဲ့သည်။ အမေရိကန်အစိုးရက စည်းကြပ်ခွန်တိုက်ပွဲကို တစ်ဖက်သတ်တွန်းအားပေးနေခြင်းသည် လက်ရှိနိုင်ငံစုံ ပူးပေါင်းဆောင်ရွက်မှုနှင့် အတူတကွဖွံ့ဖြိုးတိုးတက်မှုဟူသည့် ကမ္ဘာလုံးဆိုင်ရာသဘောတူညီချက်များနှင့် ဆန့်ကျင် နေကြောင်း၊ နိုင်ငံများကလက်တွဲ၍ ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ပြီး တရားမျှတ၍ တံခါးဖွင့်သော ပူးပေါင်းဆောင်ရွက်မှုယန္တရားကို တည်ဆောက်မှသာလျှင် ဘုံအကျိုးစီးပွားဖြစ်ထွန်းမှုနှင့် ငြိမ်းချမ်းစွာ ဖွံ့ဖြိုး တိုးတက်သော အနာဂတ်ကို ဖော်ဆောင်နိုင်မည်ဟု အဆိုပါဆောင်းပါးတွင် ဖော်ပြထားသည်။ ဆောင်းပါးအဓိက အကြောင်းအရာများမှာ အောက်ပါအတိုင်းဖြစ်သည်။ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ကို ၁၉၉၅ ခုနှစ်တွင် တရားဝင်ထူထောင်ခဲ့ရာ ကမ္ဘာလုံးဆိုင်ရာ နိုင်ငံစုံ ကုန်သွယ်ရေးစနစ်က အဆင့်သစ်သို့ ဝင်ရောက်မှု၏ အမှတ်သင်္ကေတပြုခဲ့သည်။ လွတ်လပ်စွာကုန်သွယ်ရေးအား ဗဟိုပြုသည့် စီးပွားရေးကမ္ဘာလုံးဆိုင်ရာ အသွင်ပြောင်းမှုသည် ဖွံ့ဖြိုးဆဲနိုင်ငံများစွာအတွက် ဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းများ သယ်ဆောင်လာပေးခဲ့သည်။ ကမ္ဘာ့အကြီးဆုံး စီးပွားရေးအစုအဖွဲ့ဖြစ်သည့် အမေရိကန်သည် ယနေ့တွင်မူ ကုန်သွယ်ရေး ကိုယ်ကျိုး စီးပွားကာကွယ်ရေးဝါဒ ကျယ်ကျယ်ပြန့်ပြန့်ကျင့်သုံး၍ စည်းကြပ်ခွန်ကို သံတမန်ရေးနှင့် စီးပွားရေးအရ ဖိအား ပေးသည့်နည်းလမ်းအဖြစ် မကြာခဏအသုံးပြုလာသည်။ ယင်းသည် ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေးစည်းစနစ်ကို ရှုပ်ထွေးစေသည်သာမက ပို့ကုန်ကိုမှီခိုအားထားသည့် နိုင်ငံများ အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ စိုက်ပျိုးရေး ထုတ်ကုန်နှင့် ကုန်ထုတ်လုပ်ငန်းများအပေါ် ပြင်းထန်သည့်ထိုးနှက်မှု ဖြစ်စေခဲ့သည်။ အမေရိကန်၏ တင်းမာသောသဘောထားကို ရင်ဆိုင်ရာတွင် အချို့သောနိုင်ငံများက အမေရိကန်မူဝါဒ၏ မျှော်မှန်း၍ မရနိုင်မှုကို ပိုမိုသတိပြုမိလာပြီး ကုန်သွယ်ရေးအမျိုးကဏ္ဍစုံလင်စွာ ကွဲပြားမှုနှင့် ဒေသတွင်း ပူးပေါင်း ဆောင်ရွက်မှုခြေလှမ်းများကို အရှိန်မြှင့်လာခဲ့သည်။ ပြင်ပဖိအားများကို ရင်ဆိုင်ရာတွင် အာဆီယံနိုင်ငံများက မိမိ၏အခြေခံကို ခိုင်မြဲအောင်လုပ်ဆောင်၍ အပြန်အလှန်ကုန်သွယ်ရေးကို မြှင့်တင်ကာ အပြန်အလှန်ရင်းနှီးမြှုပ်နှံမှုကို တိုးမြှင့်ရမည်ဖြစ်ကြောင်း မလေးရှား နိုင်ငံဝန်ကြီးချုပ် အန်ဝါ အီဘရာဟင် က မကြာသေးမီက တိုက်တွန်းပြောကြားခဲ့သည်။ ယင်းသည် မလေးရှား နိုင်ငံ၏ ရင်ဆိုင်မှုမူဝါဒကို ပေါ်လွင်စေသည့်အပြင် ဖွံ့ဖြိုးဆဲနိုင်ငံများက ပြောင်းလဲလှုပ်ခတ်မှုများအတွင်း ဖွံ့ဖြိုးဆဲနိုင်ငံများ ပူးပေါင်းဆောင်ရွက်မှုကို ရှာဖွေသည့် လမ်းကြောင်းအသစ်ကိုလည်း ထင်ဟပ်စေပေသည်။ အမေရိကန်မှစတင်သော စည်းကြပ်ခွန်တိုက်ပွဲကြောင့် ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများက လက်ရှိ နိုင်ငံတကာစည်းစနစ်အတွင်း ဖွဲ့စည်းပုံ တရားမျှတမှုမရှိခြင်း ထပ်မံခံစားလာရစေပြီး လူသားမျိုးနွယ် အေးအတူ ပူအမျှ အသိုက်အဝန်း အယူအဆ၏ အရေးပါမှုနှင့် လက်တွေ့တန်ဖိုးကို တစ်ဆင့်တိုး ပေါ်လွင်စေသည်ဟု ဆောင်းပါးတွင် ထောက်ပြထားသည်။ အဆိုပါအယူအဆသည် သမားရိုးကျ သူနိုင်ကိုယ်နိုင်အားပြိုင်မှု အတွေးအခေါ်ကို ထိုးဖောက်ကာ ဖွံ့ဖြိုး တိုးတက်မှု အဆင့်မတူညီသည့် နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုနှင့် တွေ့ဆုံဆွေးနွေးမှုကို တွန်းအားပေးရန် ကြိုးပမ်းလျက်ရှိပြီး နိုင်ငံစုံမူဘောင်အောက်တွင် ဘုံအကျိုးစီးပွားဖော်ဆောင်သော၊ အတူတကွ စီမံခန့်ခွဲသော ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုစနစ်ကို အလေးထားဖော်ပြလျက်ရှိသည်။ လက်ရှိတွင် တစ်ဖက်သတ်ဝါဒနှင့် ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒများ ဦးမော့လာလျက်ရှိပြီး BRICS ကိုယ်စားပြုသည့် နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှု ပလက်ဖောင်းသည် အမျိုးအစားစုံလင်စွာပါဝင်သည့် ဖွံ့ဖြိုး တိုးတက်မှုပုံစံဖြင့် တစ်ကမ္ဘာလုံး တန်းတူညီမျှမှုမရှိသည့် အခင်းအကျင်းကို တုံ့ပြန်ရန် ကြိုးပမ်းလျက်ရှိသည်။ BRICS နိုင်ငံများ၏ New Development Bank (NDB) သည် မိမိနိုင်ငံငွေကြေးဖြင့် စာရင်းရှင်းမှုနှင့် အခြေခံအဆောက်အဦ ရင်းနှီးမြှုပ်နှံမှုများကို တွန်းအားပေးဖော်ဆောင်လျက်ရှိရာ ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ဘဏ္ဍာရေးဆိုင်ရာ အစားထိုးမှုလမ်းကြောင်းအား ပံ့ပိုးပေးပြီး အနောက်တိုင်းစနစ်အပေါ် မှီခိုအားကိုးမှုကို လျှော့ချ ပေးသည်။ ထိုကဲ့သို့ ဖွံ့ဖြိုးဆဲ ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများ ပူးပေါင်းဆောင်ရွက်မှု၏ စူးစမ်းလေ့လာမှု အသစ်သည် ဖွံ့ဖြိုးဆဲနိုင်ငံများ ဘုံအကျိုးဖြစ်ထွန်း၍ ဖွံ့ဖြိုးတိုးတက်မှု၏ ဖြစ်နိုင်ခြေကို ဖော်ပြလိုက်ပေသည်။

07 Aug

ADVERTISE HERE .