“အဆန်စီယိုကို အငှားနဲ့ ထပ်မံခေါ်ယူဖို့ ဆန္ဒရှိနေ အက်စတွန်ဗီလာအသင်း”

07 Aug

အက်စတွန်ဗီလာအသင်းဟာ PSG အသင်းက စပိန်တိုက်စစ်ကစားသမား အဆန်စီယိုကို အငှားနဲ့ ထပ်မံခေါ်ယူဖို့ လိုလားနေကြောင်း သိရပါတယ်။ အက်စတွန်ဗီလာအသင်းဟာ ပြီးခဲ့တဲ့ ဇန်နဝါရီအပြောင်းအရွှေ့မှာ အဆန်စီယိုကို အငှားနဲ့ ခေါ်ယူခဲ့ပြီး အသင်းမှာ ခြေစွမ်းပြနိုင်တာကြောင့် ထပ်ခေါ်ဖို့ လိုလားနေတာပါ။ အဆန်စီယို ဟာ အက်စတွန်ဗီလာအသင်းအတွက် ၂၁ ပွဲကစားပြီး ၈ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ အဆန်စီယို ဟာ တူရကီကလပ် ဖီနာဘာချီအသင်းကို ပြောင်းရွှေ့ဖို့ ဆွေးနွေးခဲ့ပေမဲ့ ဖီနာဘာချီအသင်းက ငွေကြေးအကြောင်းပြချက်နဲ့ ရပ်တန့်လိုက်ပြီဖြစ်တာကြောင့် အက်စတွန်ဗီလာအသင်းကို ပြောင်းရွှေ့ဖွယ်ရှိနေ ကြောင်း သိရပါတယ်။ (NVS 008)

07 Aug

ADVERTISE HERE .