“ဆက်စ်ကို ကို ခေါ်ယူဖို့ ပုဂ္ဂိုလ်ရေးသဘောတူညီမှုရရှိခဲ့တဲ့ မန်ယူအသင်း”
07 Aug
မန်ယူအသင်းဟာ လိုက်ပ်ဇစ်အသင်းရဲ့ တိုက်စစ်မှူး ဆက်စ်ကို ကို ခေါ်ယူဖို့ ကစားသမားနဲ့ ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရရှိခဲ့ပြီလို့ သိရပါတယ်။ ဆက်စ်ကို က မန်ယူအသင်းရဲ့ ၂၀၃၀ အထိ စာချုပ်ချုပ်ဆိုမယ့် ကမ်းလှမ်းမှုကို လက်ခံခဲ့ကြောင်း သိရပါတယ်။ ဒါကြောင့် မန်ယူအသင်းက လိုက်ပ်ဇစ်အသင်းနဲ့ ပြောင်းရွှေ့ကြေးအတွက် ဆက်လက်ဆွေးနွေးနေပြီး မန်ယူ အသင်းအနေနဲ့ ကနဦးပြောင်းရွှေ့ကြေး ပေါင်သန်း ၈၀ နဲ့ အပိုဆုကြေး ပေါင် ၁၀ သန်း ပေးရဖွယ်ရှိနေပါတယ်။ (NVS 008)
07 Aug